Tuesday, September 1, 2020

ပျော်ဘွယ်မြို့ တောပင်လှကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲသို့ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စား လှယ်များတက်ရောက်အားပေး

ပျော်ဘွယ်မြို့နယ်၊ တောပင်လှ(တောင်ရွာ)ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ ဒေသခံပြည်သူများ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးမြင့်စိုးတို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါကျေးရွာမှ ဒေသခံပြည်သူများက လျှပ်စစ်မီးရရှိရန် လုပ်ဆောင်ပေးသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့အား ကျေးဇူးအထူးတင် ရှိကြောင်းနှင့် ဆက်လက်၍လည်း ပြည်သူများအကျိုး ထမ်းဆောင်နိုင်ပါစေကြောင်း ကျေးဇူးတင်စကားပြောခဲ့ကြသည်။
ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်မီးကို စနစ်တကျစည်းကမ်းရှိစွာသုံးစွဲရန်နှင့် အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ပစ္စည်းများကိုသာ သုံးစွဲကြရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးက မှာကြားခဲ့သည်။

0 comments:

Post a Comment