Tuesday, September 1, 2020

ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသူ ဦးဌေးအောင် အမှုအား ၆လအတွင်း အပြီးစစ်ဆေးမည်

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသူ ဦးဌေးအောင်၏ အမှုကို ၆လအတွင်း အပြီးစစ်ဆေးသွားမည်ဖြစ်ကြောင်း ယနေ့ ၎င်းအား ပထမဆုံးအကြိမ်ရုံးထုတ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ တွဲဖက်တရားသူကြီး (၂)က ပြောကြားခဲ့ကြောင်း သိရသည်။
ဦးဌေးအောင်အနေဖြင့် ၎င်းပိုင်ဆိုင်သည့် House of orchid တွင် ဩဂုတ်လ ၈ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲနှင့် လူမှုကွန်ရက်တွင်လွှင့်တင်ခဲ့သည့် NLD ကိုယ်စားလှယ်များ အမေရိကန်တွင် သင်တန်းတက်ခြင်း၊ ပြည်ပအထောက်အပံ့ယူခြင်း၊ ကိုဖီအာနန်ကော်မရှင် စသည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်အောင်က တရားရုံးသို့ဦးတိုက်လျှောက်ထားခြင်းဖြစ်ကြောင်း တရားသူကြီးကဆိုသည်။
ဦးဌေးအောင်ကလည်း မိမိနေဖြင့် အာမခံလုံးဝ လျှောက်ထားမည်မဟုတ်ကြောင်း၊ တရားဥပဒေအကြောင်းကို တရားသူကြီးထက် နားလည်ကြောင်း၊ ထောင်ထဲတွင်လည်း မိမိထံသို့ ထောင်ပိုင်ကြီးက ဘာများလိုအပ်သလဲဟု လာရောက်မေးမြန်းကြောင်း၊ ထောင်ထဲတွင် အထူးအလေးပေးခံရကြောင်း တရားခွင်အတွင်းတွင်ပြောကြားခဲ့ကြောင်း သိရသည်။ လာမည့် ရုံးချိန်းကို စက်တင်ဘာ ၁၁ ရက်နေ့သို့ချိန်းဆိုထားကြောင်း သိရသည်။
>zawgyi<
ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသူ ဦးဌေးအောင်အမှုအား ၆လအတွင်း အပြီးစစ်ဆေးမည်

0 comments:

Post a Comment