Tuesday, September 1, 2020

Facebookမှ သြစတြေးလျတွင် သတင်းပို့စ်များ မျှဝေခြင်းကို ပိတ်ပင်သွားမည်ဟု ခြိမ်းခြောက်ပြောကြားထား



သတင်းများ ယူသုံးမှုအတွက် facebook ကုမ္ပဏီမှ ပိုက်ဆံပေးရန် သြစတြေးလျအစိုးရက မိမိတို့အပေါ် ဆက်လက်ဖိအားပေးလာပါက သြစတြးလျပြည်သူများ သတင်းပို့စ်များ မျှဝေခြင်းကို ပိတ်ပင်သွားမည်ဟု facebook က ယမန်နေ့က ခြိမ်းခြောက်ပြောဆိုခဲ့သည်။
သြစတြေးလျပြည်သူတို့ facebook နှင့် Instagram တွင် ပြည်တွင်း ပြည်ပသတင်းများတင်ခြင်းနှင့် ရှယ်ခြင်းတို့ကို ပိတ်ပင်မည်ဖြစ်ကြောင်း facebook ကုမ္ပဏီက ပြောကြားခြင်းဖြစ်သည်။ "ဒါဟာ ကျွန်တော်တို့ရဲ့ ဦးစားပေးရွေးချယ်တာမဟုတ်ပါဘူး။ သူတို့မဖြစ်စေချင်တာကို မဖြစ်အောင်လုပ်ဖို့ရာ ဒီနည်းပဲရှိတာကြောင့်ပါ"ဟု ကုမ္ပဏီကပြောသည်။
facebook နှင့် Google တို့ရှိ သတင်းများနှင့်ပတ်သက်၍ မူလသတင်းပိုင်ရှင်များကို facebook နှင့် Google တို့က ထိုက်သင့်သည့်ငွေပေးရမည်ဟု သြစတြေးလျအစိုးရက ဖိအားပေးတိုက်တွန်းခဲ့ကာ၊ ထိုသို့မပေးပါက ဒဏ်ငွေသန်းနှင့်ချီပေးဆောင်ရမည့်အချက်ပါဝင်သော ဥပဒေကိုလည်း ရေးဆွဲခဲ့သည်။
"ဒါဟာ အင်တာနက်ပေါ်မှာ သတင်းစီးဆင်းရွေ့လျားမှုကို နားလည်မှုလွဲမှားတာပါ"ဟု သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံဆိုင်ရာ facebook မန်နေးဂျင်းဒါရိုက်တာ ဝီလ်အိစ်တန်က ပြောသည်။


Source: AFP
Ref: Facebook threatens ban on Australians sharing news posts

0 comments:

Post a Comment