Tuesday, September 1, 2020

COVID-19 ကူးစက်ခံထားရသော အသက် ၈၄ နှစ်အရွယ်ရှိ အိန္ဒိယသမ္မတဟောင်း ပရာနတ်မူခါဂျီ ကွယ်လွန်

COVID-19 ကိုရိုနာဗိုင်းရပ်စ် positive တွေ့ထားခဲ့ပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေရတဲ့ အိန္ဒိယ သမ္မတဟောင်း ပရာနတ်မူခါဂျီ (အသက် ၈၄ နှစ်) ဟာ တနင်္လာနေ့က ကွယ်လွန်သွားခဲ့ကြောင်း ၎င်းရဲ့ သားဖြစ်သူနဲ့ လက်ရှိသမ္မတရုံးက ထုတ်ပြန် ပြောဆိုပါတယ်။
အိန္ဒိယ သမ္မတဟောင်း ပရာနတ်မူခါဂျီ (အသက် ၈၄ နှစ်) ဟာ ဩဂုတ်လ (၁၀)ရက်နေ့မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွင် positive တွေ့ရှိထားတာဖြစ်ကြောင်း သိရပါတယ်။
ယခင်အစိုးရအဖွဲ့တွေမှာ နိုင်ငံခြားရေး၊ ဘဏ္ဍာရေးဝန်ကြီးအဖြစ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မူခါဂျီဟာ အဆုတ်ရောဂါ ကူးစက်ခံရပြီးနောက် သတိလစ်မေ့မျောနေခဲ့ကာ အသက်ရှုကိရိယာနဲ့ ထားရှိခဲ့ရတာဖြစ်ပါတယ်။
မူခါဂျီဟာ ဝန်ကြီးချုပ်ဟောင်း အင်ဒီရာဂန္ဒီရဲ့ အရေးပါတဲ့ လက်တွဲဖော်တစ်ဦးဖြစ်ကာ ၁၉၇၅ ကနေ ၁၉၇၇ ခုနှစ် အထိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အရေးပေါ်အခြေအနေအရ ဒီမိုကရေစီအခွင့်အရေးများ ရပ်ဆိုင်းခဲ့စဉ်က သူမ အစိုးရအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။
ကွန်ဂရက်ပါတီ ခေါင်းဆောင်ပိုင်းအတွက် သူမရဲ့ သားဖြစ်သူ ရာဂျစ်ဂန္ဒီနဲ့ မူခါဂျီတို့အပြိုင်ဖြစ်နေစဉ် ၁၉၈၄ ခုနှစ်မှာ ဂန္ဒီလုပ်ကြံခံလိုက်ရပြီးနောက် မူခါဂျီရဲ့ တောက်ပမှု မှေးမှိန်သွားခဲ့ပါတယ်။ သူဟာ ကွန်ဂရက်ပါတီနဲ့ ခဏတာ ကင်းဝေးသွားခဲ့ပြီး ၁၉၉၁ ခုနှစ်က ရာဂျစ်ဂန္ဒီ အသတ်ခံလိုက်ရပြီးနောက်မှာ နိုင်ငံရေး ကံကြမ္မာ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။
မူခါဂျီဟာ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းလက်ထက် ၂၀၀၄ ကနေ ၂၀၁၄ ခုနှစ်အတွင်း ၎င်းရဲ့ ညာလက်ရုံးတစ်ဆူဖြစ်လာခဲ့ပြီး ကာကွယ်ရေး၊ နိုင်ငံခြားရေနဲ့ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

0 comments:

Post a Comment