Tuesday, September 1, 2020

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားထားသည့် ကဗျာစာရွက်ကို ကျပ် ၅၄ သိန်းဖြင့် ဈေးဖွင့်ကာ လေလံတင်မည်ဖြစ်

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားထားသော ကဗျာစာရွက်ကို အွန်လိုင်းမှ လေလံတင်၍ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအတွက် အသုံးပြုရန် လှူဒါန်းမည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။
လေလံတင်သည့် ကဗျာစာ ရွက်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားထားသည့် ‘ကဗျာဆိုတာ’ အမည်ဖြင့် ကဗျာတစ်ပုဒ်ပါဝင်မည်ဖြစ်ပြီး ကြမ်းခင်းဈေး ကျပ် ၅၄ သိန်း စတင်ဖွင့်ကာ စက်တင်ဘာ ၅ ရက်အထိဈေးပြိုင်ပေးကာ ဝယ်ယူနိုင် ကြောင်း မောင်မောင်အေးက ရေး သားထားသည်။
ဒါရိုက်တာ မင်းထင်ကိုကို ကြီးက ၂၀၁၁ ဇူလိုင်လဆန်းက ကိုလံဘီယာနိုင်ငံ၌ ပြုလုပ်မည့် နိုင်ငံကဗျာပွဲတော်တွင် ၎င်း၏ကဗျာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် ကဗျာကို ရွတ်ပြချင်၍ ကဗျာရေးသား ပေးရန် တောင်းဆိုခဲ့သဖြင့် ယင်း ကဗျာကို ရေးသားပေးခဲ့ခြင်းဖြစ် ကြောင်း ဒါရိုက်တာမင်းထင်ကို ကိုကြီးက ပြောသည်။
‘‘ကိုယ်ပြောပြီး လေး၊ ငါးရက်ကြာတယ်။ လေဆိပ်ကိုဆင်း မယ့်နေ့ လာယူလို့ရပြီပြောမှ လေဆိပ်ကိုဆင်းရင်း ၅၄ ခြံကို သွားယူတာ၊ တကယ်တမ်းပြောရင် ဧည့်ခန်းထဲပဲ ရောက်ဖူးတာ။ အဲဒီနေ့ကတော့ ထမင်းစားခန်းထဲမှာ အမေစုက လက်ခံတွေ့တယ်။ ကိုယ်က သူ့ကို ကန်တော့တယ်။ ပြီးမှ လေဆိပ်ကိုဆင်းတာ’’ဟု ကဗျာကို သွားယူခဲ့သည့် ၂၀၁၁ ဇွန်လ ၃၀ ရက် အမှတ်တရကို ၎င်းက ပြောသည်။
ယခင်က ယင်းကဗျာစာရွက်ကို သမီး မယ်မင်းထင်အတွက် အမွေအဖြစ်ပေးရန် ရည်ရွယ်ထားသော်လည်း ၂၀၂၀ ရွေးကောက်ပွဲသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲထက်ပင် အရေးကြီး သည်ဟု ယူဆမိသောကြောင့် NLD ပါတီအောင်နိုင်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ထောက်ပံ့ ခြင်းဖြစ်ကြောင်း ဒါရိုက်တာ မင်း ထင်ကိုကိုကြီးက ပြောသည်။

0 comments:

Post a Comment