Tuesday, September 1, 2020

ကချင်ပြည်နယ်အတွင်း တည်ဆဲဥပဒေပြဋ္ဌာန်းချက်များအပေါ်လိုက်နာဆောင်ရွက်ခြင်းမရှိသော ကျေးရွာတာဝန်ခံရာအိမ်မှူးများအပါအဝင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၁၆)ဦးတို့အား ဥပဒေနှင့်အညီအ‌ရေးယူဆောင်ရွက်ထားရှိပြီးဖြစ်

ကချင်ပြည်နယ်အတွင်း ကျေးရွာတာဝန်ခံ ရာအိမ်မှူးများ အပါအဝင် မြို့‌ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၁၆) ဦးတို့အား ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားပြီးဖြစ်ကြောင်း သြဂုတ် ၃၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပ သည့် လွှတ်တော်အစည်းအဝေးမှ သိရှိရသည်။
အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံရာအိမ်မှူးများကို အရေးယူဆောင်ရွက်ထားမှုနှင့် ပတ် သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်က “ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ ဥပဒေနှင့် မညီညွတ်သည် (သို့မဟုတ်) ပြဋ္ဌာန်းထားသော နည်းဥပဒေနှင့် ဆန့်ကျင်စွာဆောင်ရွက်သည့် အုပ်ချုပ်ရေးမှူးများအား ဥပဒေအခန်း (၈) ပုဒ်မ (၁၅)နှင့်အညီ အရေးယူ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း” အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်း‌ခေါန်၏ ပြဋ္ဌာန်းသတ်မှတ်ထား သော ဥပ‌ဒေ၊ နည်းဥပဒေနှင့် ဆန့်ကျင်ဆောင်ရွက်နေသူများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအကြီးအကဲများမှ မည်သို့ စိစစ်ထိန်းညှိဆောင်ရွက်နေသည် (သို့မဟုတ်) ဆောင်ရွက်မည့် အစီအစဉ် ရှိ/မရှိ ကြယ်ပွင့် ပြမေးခွန်းမေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် “ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းတာဝန်များ ထမ်းဆောင်သည့်အခါတွင် တည်ဆဲဥပ‌ဒေ၊နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်စေရေး တည်ဆဲဥပဒေပြဋ္ဌာန်းချက်များအပေါ်လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ မြစ်ကြီးနားခရိုင်အတွင်းမှာ မြို့ပေါ် ရပ်ကွက် (၂) ရပ်ကွက်မှ (၂)ဦး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၂)ဦး၊ မိုးညှင်းခရိုင်အတွင်း မြို့ပေါ် ရပ်ကွက် (၁)ဦးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၁)ဦးနှင့် ကျေးရွာတာဝန်ခံရာအိမ်မှူး (၂)ဦး၊ တာဝန် ကနေပြီး ရပ်ဆဲအ‌ရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိတဲ့ ကျေးရွာတာဝန်ခံရာအိမ်မှူး (၂)ဦး၊ ဗန်းမော် ခရိုင်အတွင်းမှာဆိုရင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၄)ဦး၊ စုစုပေါင်း (၁၆)ဦးတို့ကို ရပ်ကွက် (သို့မ ဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဥပဒေနှင့်အညီ အ‌ရေးယူဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း” ပြည်နယ်ဝန်ကြီးက ထပ်ဆင့်ရှင်းလင်းဖြေကြားသည်။
အရေးယူဆောင်ရွက်သည့်အပြင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အထက်ဌာန အဆင့်ဆင့်မှ အခါအားလျှော်စွာညွှန်ကြားထားသည့် ညွှန်ကြားချက်များအပေါ် သိရှိလိုက်နာဆောင်ရွက် စေရေးနှစ်စဉ်လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများနှင့် အလုပ်ရုံဆေွးနွေးပွဲများပြုလုပ်ပေးခြင်း၊လစဉ် လဝက်နှင့် လကုန် ပုံမှန်အစည်းအဝေးများတွင် စဉ်ဆက်မပြတ် မှာကြားကြပ်မတ် ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် လိုက်နာဆောင်ရွက်မှု အားနည်းသည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား မှတ်တမ်းတင် သတိပေးခြင်း၊ လိုက်နာခြင်းမရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများဖြင့် စိစစ်ထိန်းညှိ ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း သိရှိရသည်။

0 comments:

Post a Comment