Tuesday, September 1, 2020

ရုရှားနိုင်ငံတွင် ကျင်းပနေသော International Army Gameတွင် အနိုင်ရရှိခဲ့သော မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့အား ဗီယက်နမ် တင့်အဖွဲ့ ၏ နောက်တွင်သာဖော်ပြခဲ့သည့် နိုင်ငံပိုင် MRTV သတင်းဝေဖန်ခံနေရ

ပြိုင်ပွဲဝင် မြန်မာတင့်တပ်ဖွဲ့သည် နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ၃၃ မိနစ် ၃၉ စက္ကန့်နဲ့ ပထမရခဲ့တာဖြစ်ကာ ဗီယက်နမ်အသင်းအနေဖြင့်မူ ဒုတိယသာရရှိခဲ့တာဖြစ်သည်။
သို့‌သော်လည်း အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား၏ MRTV Page တွင် သတင်းဖော်ပြရာတွင် " ဩဂုတ်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ ရုရှားနိုင်ငံ မော်စကိုက International Army Games 2020 ပြိုင်ပွဲမှာ Tank Biathlon ရဲ့ qualifying lap နောက်ဆုံးအဆင့်မှာ ဗီယက်နမ်ရဲ့ တတိယတင့်ကားအဖွဲ့က ဒုတိယရခဲ့ပါတယ်။ ဒီ Round မှာတော့ ဗီယက်နမ်ရဲ့ တင့်ကားအဖွဲ့ဟာ ၃၇ မိနစ် ၅၂ စက္ကန့်နဲ့ ပစ်မှတ်(၅)ခုအနက် (၄)ခုကို ထိမှန် ဖျက်ဆီးနိုင်ခဲ့ပြီး၊ မြန်မာတင့်ကားအဖွဲ့က ၃၃ မိနစ် ၃၉ စက္ကန့်နဲ့ ပထမရခဲ့ပါတယ်။ ကာတာကတော့ ၄၂ မိနစ် ၃စက္ကန့်နဲ့ တတိယနေရာကနေ ပန်းဝင်ခဲ့ပါတယ်။ ၃ ဆင့် ယှဉ်ပြိုင်ပြီးနောက် ဗီယက်နမ်အပါအဝင် အသင်း ၄ သင်း ဆီမီးဖိုင်နယ်တက်ခဲ့ကြပါတယ်။" ဆိုပြီး ဖော်ပြခဲ့တာဖြစ်သည်။
နိုင်ငံပိုင် MRTV သတင်းဌာနမှ တာဝန်ရှိသူများအနေဖြင့်မူ ယခု သတင်းမှာ ဗီယက်နမ်သတင်း ဘာသာပြန်ဆိုချက်ဖြစ်ပြီး၊ကျင့်ဝတ်အရ တိုက်ရိုက်ပြန်ဆိုဖော်ပြခြင်းဖြစ်ပါကြောင်း။မိမိတို့ဘက်မှ သတင်းပေးပို့ချက် မရသေးပါကြောင်း။ရရှိပါက အလေးထားဖော်ပြပေးမှာ ဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းပေးထားကြောင်း တွေ့ရပါသည်။
ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအချိန် ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်နေသော International ARMY Game 2020 တင့်စွမ်းရည်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ နှင့် ဗီယက်နမ် အသင်းတို့ လက်ဆင့်ကမ်းပြိုင်ပွဲယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment