Tuesday, September 1, 2020

လာအိုတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ စုစုပေါင်း ၅၆၇၇ ဦးရှိလာပြီး၊ သေဆုံးသူ ၁၀ ဦးရှိလာ

လာအိုနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ စုစုပေါင်းမှာ ၅၆၇၇ ဦးအထိရှိလာပြီး၊ သေဆုံးသူ စုစုပေါင်း ၁၀ ဦးရှိပြီဖြစ်ကြောင်း လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ယင်းသည် ဇန်နဝါရီလမှ ယခုအချိန်အထိ ကိန်းဂဏန်းများဖြစ်သည်။
လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျန်းမြို့တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အမြင့်မားဆုံးစံချိန်တင်ခဲ့ပြီး စုစုပေါင်း ၁၃၁၃ ဦးဖြစ်ပွားခဲ့သည်။ သေဆုံးသူ ၁၀ ဦးအနက် ဗီယန်ကျန်းမြို့မှ သေဆုံးသူ ၄ ဦးပါဝင်ကြောင်း သိရသည်။
လာအိုနိုင်ငံတွင် COVID-19 ဖြစ်ပွားသူ စုစုပေါင်း ၂၂ ဦးသာရှိပြီး၊ ၂၁ ဦးသက်သာပျောက်ကင်းခဲ့ပြီဖြစ်ကာ၊ သေဆုံးသူတစ်ဦးမျှ မရှိချေ။ လာအိုနိုင်ငံတွင် ပထမဆုံးသော အတည်ပြုလူနာ ၂ ဦးကို မတ်လ ၂၄ ရက်နေ့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Ref ; Popular

0 comments:

Post a Comment