Tuesday, September 1, 2020

ဆူဒန်အစိုးရနှင့် သူပုန်အုပ်စုများအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောတူလက်ခံ

 

ဆူဒန်ခေါင်းဆောင်များနှင့် သူပုန်ခေါင်းဆောင်းတို့အကြား လူထောင်ပေါင်း များစွာသေခဲ့ရသည့် ၁၇ နှစ်ကြာပဋိပက္ခများအဆုံးသတ်ရေးအတွက် ဩဂုတ်လ ၃၁ ရက်နေ့တွင် သမိုင်းဝင်ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို သဘောတူခဲ့ကြပါသည်။
ဆူဒန်တော်လှန်ရေးအဖွဲ့ SRF ၊ Darfur အနောက်ဖက်ဒေသများ၊ South Kordofan ၏တောင်ဘက်ပြည်နယ်များ ၊ Blue Nile မှ သူပုန်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များဖြင့် စုပေါင်းဖွဲ့စည်းထားသော သဘောတူညီစာချုပ်ကို လက်မှတ်ရေး ထိုးပြီးနောက် ဂုဏ်ပြုခဲ့ကြပါသည်။
၂၀၀၃ ခုနှစ်တွင် Darfur ဒေသ၌ သူပုန်များလက်နက်ကိုင်ဆောင်ပြီး တိုက်ခိုက် မှုကြောင့် လူပေါင်း ၃၀၀,၀၀၀ သေဆုံးခဲ့ကြရကြောင်း ကုလသမဂ္ဂ၏အဆိုအရ သိရှိရပါသည်။ ယခင်အစိုးရခေါင်းဆောင်များအနေဖြင့် လူမျိုးသုဉ်သတ်ဖြတ်မှုများ နှင့်လူသားမဆန်သောရာဇဝတ်မှုများကို ကျူးလွန်ခဲသည်ဟု စွပ်စွဲခံခဲ့ရပါသည်။
တောင်ဆူဒန်လွတ်လပ်ရေးရပြီးနောက် ၂၀၁၁ တွင် ဖြစ်ပွားသော South Kordofan နှင့် Blue Nile ရှိ ပဋိပက္ခများသည် ဆယ်စုနှစ်နှစ်ခုအကြားမှ စစ်ပွဲများ ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပါသည်။
ဆူဒန်နိုင်ငံရှိ သမိုင်းဝင်ပြီးပြည်စုံသောငြိမ်းချမ်းရေးရရှိရေး၊ စစ်ပွဲများနှင့် ပြဿနာများ၏ အရင်းအမြစ်များကို ဖြေရှင်းပြီး စစ်ပွဲကိုအဆုံးသတ်လိုက်သည့် အတွက် “ဘုရားရှင်သဘောကျကြောင်း” မိမိအနေဖြင့် ဝမ်းမြှောက်ဂုဏ်ယူကြောင်း တရားမျှတရေးနှင့် တန်းတူညီမျှမှုရှိရေးလှုပ်ရှားမှု (JEM) သူပုန်အုပ်စုတစ်ခု၏ ခေါင်းဆောင်မှ ပြောကြားခဲ့ပါသည်။
ဆူဒန်စစ်ဘက်ရေးရာအကြီးအကဲ Mohamed Hamdan Daglo သည် စစ်ပွဲတွင်ဦးဆောင်နေရသည့်အတွက် သဘောတူညီချက်ကို Kharoum မှ ကိုယ်စား ချုပ်ဆိုပေးခဲ့ပါသည်။
သဘောတူညီချက်တွင် လုံခြုံရေး၊ မြေယာပိုင်ဆိုင်မှု၊ အသွင်ကူးပြောင်းရေး ဆိုင်ရာတရားမျှတမှု၊ အာဏာခွဲဝေမှုနှင့် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူများနှင့်ပတ်သက်သည့် အဓိကပြဿနာများပါဝင်ပါသည်။
ထို့အပြင် သူပုန်တပ်များအားဖျက်သိမ်းရေးနှင့် ၎င်းတို့၏ တိုက်ခိုက်ရေးသမား များအား အမျိုးသားစစ်တပ်အတွင်းသို့ အားဖြည့်ရေးတို့လည်းပါဝင်ပါသည်။
ဆူဒန်လွတ်မြောက်ရေးလှုပ်ရှားမှု (SLM) နှင့် တောင်ပိုင်းဆူဒန်ပြည်သူ့ လွတ်မြောက်ရေးလှုပ်ရှားမှု (SPIM- N) တို့၏ သူပုန်အဖွဲ့ဝင်များသည် အစိုးရနှင့် သဘောတူညီချက်ကို ဩဂုတ်လ ၂၉ ရက်နေ့နှောင်းပိုင်းတွင် ယာယီသဘောတူခဲ့ ပါသည်။
သို့ရာတွင် Abdelwahid Nour ဦးဆောင်သော SLM အဖွဲ့နှင့် Abdelaziz al-Hilu ဦးဆောင်သော (SPLM- N) အဖွဲ့တို့သည် တက်ရောက်ရန် ငြင်းဆိုခဲ့ကြပါသည်။
မိမိတို့အနေဖြင့် ဆူဒန်အား အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အမှန်တကယ် စတင်၍ အသွင်ကူးပြောင်းခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး Faisal Mohammed Salih မှ Juba ရှိ အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့ပါသည်။
Source : CGTN
"Sudanese government and rebel groups agree peace deal"

0 comments:

Post a Comment