Tuesday, September 1, 2020

ကိုဗစ်ကြောင့် အခြေခံပညာကျောင်းများ ပိတ်ထားရသော်လည်း ပညာရေးဝန်ထမ်းများ တာဝန်ထမ်းဆောင်ရန် အင်အားအပြည့်ဖြင့် အသင့်ရှိနေရမည်ဖြစ်

ရခိုင်ပြည်နယ်မှစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်း ပြန်လည်မြင့်တက်လာချိန်တွင် အခြေခံပညာအထက်တန်းကျောင်းများကို ယာယီပိတ်ထားသော်လည်း ဆရာ၊ ဆရာမများအနေဖြင့် တာဝန်ထမ်းဆောင်ရန် အသင့်ရှိနေရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရပါတယ်။
လက်ရှိအချိန်တွင် အခြေခံပညာအထက်တန်း ကျောင်းများ ပိတ်ထားသော်လည်း အဆိုပါကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းရုံး ဝန်ထမ်းများအနေဖြင့် နေထိုင်ရာ အိမ်၊ အခန်းများတွင် နေထိုင်ရမည်ဖြစ်ပြီး ကျောင်းနှင့် ရုံးများကတာဝန်ပေးရန် အကြောင်းကြားပါက အသင့် ရှိရမည်ဖြစ်ပါတယ်။
ထို့အပြင် ဖွင့်လှစ်မှုမရှိသေးသော အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းများမှ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းရုံးဝန်ထမ်းများအနေဖြင့်လည်း နေထိုင်ရာအိမ်၊ အခန်းများတွင်နေထိုင်ရမည်ဖြစ်ပြီး ကျောင်းနှင့်ရုံးများကတာဝန်ပေးရန် အကြောင်းကြားပါက အသင့်ရှိရမည်ဖြစ်ပြီး မလိုအပ်ဘဲခရီးသွားလာခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက သြဂုတ်လ ၂၈ ရက်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။
အခြေခံပညာအထက်တန်းအဆင့် ကျောင်းများကို ဇူလိုင်လ ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သြဂုတ်လ တတိယအပတ်အထိ ကျောင်းပေါင်း ၄၆၀ဝ ကျော်ဖွင့်ထားပြီး ရခိုင်ပြည်နယ်မှစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်း ပြန်လည်မြင့်တက်လာသောကြောင့် ကျောင်းဖွင့်ပြီး တစ်လခန့်အကြာတွင် ယာယီပြန်လည် ပိတ်ထားခဲ့ခြင်းဖြစ်ပါတယ်။

0 comments:

Post a Comment