Tuesday, September 1, 2020

ပြည်သူများ၏ကန့်ကွက်မှုများ ရှိနေစဉ်အတွင်း တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘောဝယ်ယူ မည့် အစီအစဉ်အား ထိုင်းနိုင်ငံမှရွှေ့ဆိုင်းခဲ့

ဆယ်စုနှစ်များစွာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှုအတွင်း ဒေါ်လာသန်းပေါင်းများ စွာတန်ဖိုးရှိသည့် ဝယ်ယူမှုနှင့်ပတ်သက်၍ ပြည်သူများမှ တစ်ပတ်ကျော်ကြာ ကန့်ကွက်ဆန္ဒပြခဲ့ပြီးနောက် ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘော ၂ စီး ဝယ်ယူမည့် အစီအစဉ်အား ရွှေ့ဆိုင်းခဲ့ကြောင်း အာဏာပိုင်များမှ ဩဂုတ်လ ၃၁ ရက် နေ့က ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံမှ Yuan Class S26T ရေငုပ် သင်္ဘော ၃ စီးဝယ်ယူမည့် အစီအစဉ်ကို အတည်ပြုခဲ့ပြီး ၎င်းတို့အနက် တစ်ခုအား ဘတ် ၁၃.၅ ဘီလီယံ (ဒေါ်လာ ၄၃၄ သန်း) ဖြင့် ဝယ်ယူခဲ့ပြီးဖြစ်ပါသည်။
ဥပဒေပြုကော်မတီမှ အခြားသော ရေငုပ်သင်္ဘော ၂ စီးအတွက် ဘတ် ၂၂.၅ ဘီလီယံ (ဒေါ်လာ ၇၂၃.၅ သန်း) အား လာမည့်နှစ်မှစ၍ ၇ နှစ် နှစ်စဉ်အရစ်ကျပေးချေရန် ယခုလအစောပိုင်းက အတည်ပြုခဲ့ပါသည်။
အဆိုပါ လုပ်ဆောင်မှုသည် ပြည်သူများအား အမျက်ဒေါသထွက်စေခဲ့ပြီး “ရေငုပ် သင်္ဘောတွေက ဘာအတွက်လဲ” ဟူ၍ ထိုင်းဘာသာစကားဖြင့် Twitter ပေါ်တွင် ရေးသားဖော်ပြခဲ့ပါသည်။
အစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri မှ စီးပွားရေးအခက်အခဲ ဖြစ်ပေါ်နေမှုကို လျော့ကျစေရန်အတွက် ရေငုပ်သင်္ဘောဝယ်ယူမှုအား တစ်နှစ်ရွှေ့ဆိုင်း ရန် ရေတပ်အားပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ် Prayuth Chan-ocha မှ “မိမိတို့အနေဖြင့် ပေးချေမှုအား လာမည့် နှစ်ရွှေ့ဆိုင်းမည်ဆိုလျှင် စာချုပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် စကားပြောရမည် ဖြစ်ကြောင်း” သတင်းထောက်များအား ပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ် Prayuth Chan-ocha မှ ရေငုပ်သင်္ဘောသည် ထိုင်းနိုင်ငံ၏ ရေရှည် ကာကွယ်ရေးအကျိုးစီးပွားများအတွက် အရေးကြီးသောကြောင့် ရေငုပ်သင်္ဘောဝယ်ယူမည့် စာချုပ်အား ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပြီး မိမိတို့အနေဖြင့် မရပ်တန့်နိုင်ကြောင်း၊ ၎င်းသည် အင်အားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အစိုးရအနေဖြင့် ပြည်တွင်းနိုင်ငံရေးတွင် စစ်ရေးလွှမ်းမိုးမှုကို အဆုံးသတ်ရန် တောင်းဆိုနေသည့် ကျောင်းသားများ၏ တစ်လကျော်ကြာ ကန့်ကွက်ဆန္ဒပြမှုများဖြင့် ကြုံတွေ့နေရပြီး ဝန်ကြီးချုပ် Prayuth Chan-ocha ဦးဆောင်သည့် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုမှစတင်၍ စစ်ရေးလွှမ်းမိုးမှုများ တိုးချဲ့လာကြောင်း ၎င်းတို့မှပြောကြားခဲ့ပါသည်။
ဝန်ကြီးချုပ် Prayuth Chan-ocha အစိုးရသည် ပြည်သူများ၏ အကျိုးစီးပွား ထက် စစ်တပ်အား မျက်နှာပေးသည့်အတွက် ကန့်ကွက်ဆန္ဒပြသူများမှ ရေငုပ်သင်္ဘော ဝယ်ယူမှုကဲ့သို့သော လက်နက်ရောင်းဝယ်မှုများအား ‌ဝေဖန်တိုက်ခိုက်ခဲ့ပါသည်။
Source : Reuters
“Thailand delays China submarines buy amid public outrage”

0 comments:

Post a Comment