
အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်း၊ ကီရာလာပြည်နယ်၊ အီဒူကီ ခရိုင်ရဲ့ မြို့ဖြစ်တဲ့ သီရူဗနန်သာပူရမ် (Thiruvananthapuram) မှာ မိုးကြီးမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူပေါင်း(၄၃)ဦးမြေပိသေဆုံးခဲ့ပါတယ်။ မိုးကြီးမှု နဲ့ မြေပြိုမှုတွေဟာ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ဖြစ်ပွားနေခဲ့တာဖြစ်ပေမယ့် အဆက်မပြတ်ရွာသွန်းနေတဲ့မိုးကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေနှောင့်နှေးခဲ့ရတာဖြစ်ပါတယ်။
မြေပြိုမှုကြောင့် သောကြာနေ့ ညပိုင်းမှာ ကနဦးသေဆုံးသူ (၂၆) ဦးရှိခဲ့ပြီး ဒီနေ့မှာတော့ သေဆုံးဦးရေဟာ (၄၃) ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဒေသတွင်း သတင်းဌာနတွေကတော့ မြေပြိုမှုဖြစ်ပွားတဲ့နေရာမှာ လူပေါင်း ၇၈ ဦးလောက်နေထိုင်တယ်လို့ သတ်မှတ်ထားကြပြီး အဲဒီလူတွေထဲက အရေအတွက်တစ်ချို့ကပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ကီရာလာပြည်နယ်မှာ လူပေါင်း ၁၈ ဦးသေဆုံးခဲ့တဲ့ ခရီးသည်တင်လေယာဉ် မတော်တဆမှုဖြစ်ပွားပြီး နာရီအတော်ကြာမှာ ထပ်မံဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကီရာလာခရိုင်ရဲတပ်ရင်းက ရဲမင်းကြီး ကာရူပါဆာမိ က ပြောကြားခဲ့ပါတယ်။



photos credit - hindustantimes
Crd : We






0 comments:
Post a Comment