Thursday, August 6, 2020

သမ္မတထရမ့် COVID-19 နှင့်ပတ်သက်၍ တင်ထားသော ပို့စ်အား facebook ဖြုတ်ချ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ COVID-19 နှင့်ပတ်သက်၍ တင်ထားသော ပို့စ်တစ်ခုကို facebook က ယမန်နေ့(သြဂုတ် ၅ရက်)က ပြန်လည်ဖြုတ်ချလိုက်ကြောင်း သိရသည်။
ယင်းပို့စ်မှာ သမ္မတထရမ့်နှင့် Fox သတင်းဌာန၏ အင်တာဗျူးဝယ် "ကလေးငယ်များသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ခံနိုင်ရည်ရှိကြသည်"ဟု ထရမ့်ကပြောကြားသော ဗီဒီယိုဖိုင်အတိုတစ်ခုပါဝင်သည်။ ယင်းသည် COVID-19 နှင့်ပတ်သက်၍ သတင်းအချက်အလက်မှားကို အများပြည်သူသို့ဖြန့်ဝေခြင်းဖြစ်၍ ထိုသို့ဖြုတ်ချလိုက်ရခြင်းဖြစ်ကြောင်း facebook ကုမ္ပဏီကပြောသည်။
ယင်းသည် ဒေါ်နယ်ထရမ့်၏ ပို့စ်တစ်ခုအား facebook မှ ပထမဆုံးဖြုတ်ချခြင်းဖြစ်သလို၊ လူမှုကွန်ရက်များတွင်လည်း ပထမဆုံးဖြုတ်ချခြင်းဖြစ်ကြောင်း အဆိုပါပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော်မှ တုန့်ပြန်ပြောဆိုခြင်းမရှိသေးချေ။
crd-Popular News Journal #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment