Tuesday, September 1, 2020

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ဘင်္ဂါလီ ၁၁ ဦးဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ထန်းချောင်းကျေးရွာအနီး အမ်း-မအီသွား ကားလမ်း၌ မသင်္ကာဖွယ်ဘင်္ဂါလီများတွေ့ရှိကြောင်း သတင်းအရ သြဂုတ် ၂၉ ရက် ညနေ ၅ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ စစ်တွေမြို့နယ်၊ ဒုံးပြင်ကျေးရွာနေ အဏ္ဏဝါဆာဒေ့ (ဘ)အဒူမာလိတ် နှင့် မာမောက်အာယော့ဒ်(ဘ)တို့ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အလားတူ ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အမ်းမြို့နယ် ၊ စခန်းမောင်ကျေးရွာအုပ်စု၊ အိုးပုံကျေး ရွာအနီး၌ ရာဟာမောက်ဒူလာ(ဘ)နူရာမောက် အပါအဝင် ဘင်္ဂါလီလူမျိုး၅ ဦးကိုလည်းကောင်း ၊ ညနေ ၃ နာ ရီခွဲခန့်တွင် ထန်းချောင်းကျေးရွာအနီး၌ မိုဟာမတ်ရောင်ဖီ(ဘ) အဒူခါလိတ်အပါအဝင် ၄ ဦးကိုလည်းကောင်း အသီးသီးထပ်မံ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိ ဘင်္ဂါလီများအား သက်ဆိုင်ရာသို့ စနစ်တကျလွဲှပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment