Tuesday, September 1, 2020

မန္တလေးတိုင်းအတွင်း COVID-19 ကာကွယ်ထိန်းချုပ်ရေး တားမြစ်ကန့်သတ်မှုများ (၁၅)ရက် ထပ်တိုး

COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး မန္တလေးတိုင်းအတွင်း ထုတ်ပြန်ထားသည့် တားမြစ်ကန့်သတ်ချက်များကို စက်တင်ဘာ(၁၆)ရက်အထိ ရက်တိုးသတ်မှတ်ကြောင်း တိုင်းအစိုးရက ကြေညာသည်။
အဆိုပါ အသိပေး ကြေညာချက်တွင် မန္တလေးတိုင်းဒေသကြီး အတွင်း ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိသူများနှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှု များပြားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိလာသူများ အားလုံး Community Based Facility Quarantine (၂၁)ရက်နှင့် Home Quarantine(၇)ရက် ထားရှိဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ နိုက်က လပ်၊ ကာရာအိုကေ/စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗွီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ တရားပွဲ/ စခန်းများ၊ ဘု ရားပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေး လုပ်ငန်းများ၊ ဘာ သာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးပွဲများ ခေတ္တယာယီ ပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်း မပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း ဖော်ပြထားသလို မန္တလေးတိုင်းအတွင်းရှိ တန်ခိုးကြီး ဘု ရားစေတီများ၊ ဘာသာရေးဆိုင်ရာ Church၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်းများတွင် ဖူးမြှော်ဝတ်ပြုခြင်း ခွင့်မပြုသေးကြောင်းနှင့် ဖူးမြှော်ဝတ်ပြုခွင့် တောင်းခံလာပါက COVID-19 ဗဟိုကော်မတီထံ တင်ပြခွင့်ပြုချက် ရယူပြီး ခွင့်ပြုချက် ရရှိမှသာ ပြန်လည်ဖွင့်ခွင့်ပြုမည်ဟု တိုင်းအစိုးရ၏ အသိပေးကြေညာချက်တွင် ပါရှိသည်။
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များတွင် COVID-19 ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အတွက် နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ Curfew အမိန့်များကို ဆက်လက်ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူ ခြင်းခံရမည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
COVID - 19 ရောဂါနှင့်ပတ်သက်၍ WHO၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များအရ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သဖြင့် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သည့် အကောင်းဆုံးသော နည်းလမ်းမှာ မိမိအိမ်တွင် နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှု မရှိခြင်းတို့ ဖြစ်ကြောင်း၊ မဖြစ်မနေ အပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်၍ သွားရောက်ရန် လိုအပ်ကြောင်းနှင့် အများပြည်သူအနေဖြင့် COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ခြင်းလုပ်ငန်း များကို အမျိုးသားရေး အသွင်အဖြစ် မှတ်ယူပြီး လမ်းညွှန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။
Ref ; Mandalay In-depth News

0 comments:

Post a Comment