Sunday, August 2, 2020

ဒုတိယဦးပိန်တံတားဟု အွန်လိုင်းတွင်လူသိများလာသည့် မအူတံတားသို့ လာရောက်သူများဖြင့်စည်းကား

အွန်လိုင်းတွင်နာမည်ကြီးနေသည့်ဆင်ဖြူရှင်တံတားနှင့် ရေစကြိုမြို့လမ်းအလယ်တွင်ရှိသောမအူတံတားသို့ လာရောက်သူများဖြင့်စည်းကားနေကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်၊မအူကျေးရွာအုပ်စုတွင်ရှိ မအူတံတားရှိရာသို့ လူမှုကွန်ယက်စာမျက် နှာမှသိရှိ လာ ခြင်းကြောင့် ယခုရက်ပိုင်းအတွင်းလာရောက်သူများဖြင့်စည်းကားနေကြောင်း မအူကျေးရွာဒေသ ခံတစ်ဦးက ပြည်မြန်မာကို ပြောသည်။
မအူတံတားကို လူမှုကွန်ယက်စာမျက်နှာတွင်တင်ခဲ့ရာမှ ဒုတိယဦးပိန်တံတားအဖြစ်လူသိများခြင်းကြောင့် ပခုက္ကူ၊ မုံရွာ၊ရေစကြိုမြို့နယ်များမှအပန်းဖြေလည်ပတ်ကြရန်လာရောက်နေကြကြောင်းသိရသည်။
"တံတားက ဆောက်ထားတာနှစ် ၁၀၀ကျော်ပါပြီ၊မအူအင်းကိုဖျက်ပြီး မအူအရှေ့ရွာနဲ့အလယ်ရွာကိုဆက်သွယ် ထားတာပါ၊တိုင်ပေါင်း၃၄၄တိုင်ရှိတယ်၊တံတားအရှည်ကပေ၂၀၀၀ကျော်ရှိတယ်၊ဘုရားလဲရှိတယ်၊အင်းလဲရှိတော့လာတဲ့သူတွေစိတ်အပန်းဖြေလို့ကောင်းလိုလာကြတာပါ"ဟုမအူရွာကိုဝင်းနိုင်(တော်ဝင်နန်း)ကဆိုသည်။
မအူတံတားမှာရေစကြိုမြို့နှင့်ဆင်ဖြူရှင်တံတားသွားကားလမ်းမကြီးဘေးအနီးတွင်ရှိခြင်းကြောင့်သွားလာရေးအဆင်ပြေကြောင်းသိရသည်။
Ref ; Pyi Myanmar

0 comments:

Post a Comment