Sunday, August 2, 2020

မိုင်းနောင်မြို့အနီး၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် အက်ဆစ်များနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာ ရီ ၄၀ မိနစ်ခန့်တွင် မိုင်းနောင်မြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့် အကွာနေရာ၌ ကျေးသီးမြို့ဘက်မှ မိုင်းနောင်မြို့ဘက်သို့ မောင်းနှင်လာသော ကန်ဒါ ၁၂ ဘီးယာဉ်အမျိုးအစား ယာဉ်တစ်စီးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ယာဉ်အားရပ်တန့်ထားခဲ့ပြီး ယာဉ်ပေါ်ပါ ၂ ဦးမှာ ထွက်ပြေးသွားခဲ့သည်။
၎င်းယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ ပလတ်စတစ်ပေပါ/ ပုံးများဖြင့်ထည့်ထားသည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် အက်ဆစ် ၁၁၆၀၀ လီတာခန့်၊ ဘိန်းဖြူမှုန့် ၂၀၀ ကီလိုဂရမ်ခန့် (စုစုပေါင်း အက်ဆစ်များနှင့်မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၃၀၀ ကျော်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ အက်ဆစ်များနှင့် မူးယစ်ဆေးဝါးများအား မိုင်းနောင်မြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တ ကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment