Sunday, August 2, 2020

ဖလော်ရီဒါကမ်းရိုးတန်းမြို့နယ်များ ဟာရီကိန်းမုန်တိုင်း အရေးပေါ်အခြေအနေ ကြေညာ

ဟာရီကိန်းမုန်တိုင်း အိုင်းဆက်က ပိုအားကောင်းကောင်းနဲ့ နီးကပ်လာနေတာကြောင့် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူးက ကမ်းရိုးတန်းမြို့နယ်တွေအတွက် သြဂုတ် ၁ ရက်က အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။
ဟာရီကိန်းမုန်တိုင်း အိုင်းဆက်က ပြည်နယ်တောင်ပိုင်းကို ဝင်ရောက်ဖို့ ချဉ်းကပ်လာနေပြီးနောက် အမေရိကန်အရှေ့ပိုင်းကို ဆက်လက်တိုက်ခတ်မယ့် အလားအလာ ရှိနေပါတယ်။
အိုင်းဆက်မုန်တိုင်းဟာ ၁ နာရီ ၈၅ မိုင်နှုန်း လေတိုက်အားနဲ့ ဘဟားမားနိုင်ငံ နတ်ဆောင် မြို့တော်ရဲ့ တောင်ဘက် မိုင် ၈၀ အကွာမှာ ရှိနေပြီး အနောက်မြောက်ဘက်ကို ရွေ့လျားမယ်လို့ အမျိုးသားဟာရီကိန်းဌာန NHC က ပြောပါတယ်။
ဖလော်ရီဒါပြည်နယ် အာဏာပိုင်တွေက ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ရှိ၊ မရှိ စစ်ဆေးတဲ့ဌာနတွေကို ယာယီပိတ်ပြီး ပြည်သူတွေ မရှိမဖြစ်လိုမယ့်ပစ္စည်းတွေကို သိုလှောင်ထားကြဖို့ သတိပေးထားပါတယ်။
အိုင်းဆက်မုန်တိုင်းကြောင့် သောကြာနှောင်းပိုင်းတည်းက အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းမှာ မိုးစကြီးနေခဲ့တာပါ။ လာမယ့် သီတင်းပတ်အစောပိုင်းမှာတော့ ကာရိုလိုင်းနားပြည်နယ်အရှေ့ပိုင်းကို မုန်တိုင်းဝင်မယ်လို့ NHC က ပြောထားပါတယ်။
Ref ; DVB

0 comments:

Post a Comment