Sunday, August 2, 2020

ဧရာဝတီမြစ်ရေကြီးမှု‌ကြောင့် ညောင်ဦး ၊ ဆိပ်သာ ၊ ဟင်္သာတ နှင့် ဇလွန် မြို့များ စိုးရိမ်ရေမှတ်သို့ ကျော်လွန်

ဧရာဝတီမြစ်ရေသည် ယနေ့ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်များအရညောင်ဦးမြို့၌ (၂၁၄‌၈) စင်တီမီတာ ၊ ဆိပ်သာမြို့၌ (၁၂၅၁) စင်တီမီတာ ၊ ဟင်္သာတမြို့၌ (၁၃၆၀) စင်တီမီတာနှင့် ဇလွန်မြို့၌ (၁၁၇၁) စင်တီမီတာ ဖြစ်နေကာ အဆိုပါမြို့များ၏ စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ညောင်ဦးမြို့၏စိုးရိမ်ရေမှတ်မှာ (၂၁၂၀) စင်တီမီတာ၊ဆိပ်သာမြို့၏ စိုးရိမ်ရေမှတ်မှာ (၁၂၀၀) စင်တီမီတာ၊ ဟင်္သာတမြို့၏ စိုးရိပ်ရေမှတ်မှာ ၁၃၄၂ စင်တီမီတာနှင့် ဇလွန်မြို့၏ စိုးရိမ်ရေမှတ်မှာ ၁၁၆၆ စင်တီတာ ဖြစ်ကြောင်း ယခုအခါ ၎င်းမြို့များအနေဖြင့်စိုးရိမ်ရေမှတ် အထက်ကျော်လွန်နေပြီဖြစ်သည်။
ယနေ့ နေ့လည် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ၁ ပေခန့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး ဆိပ်သာမြို့တွင် (၁)ပေခွဲခန့် ၊ ‌ဟင်္သာတမြို့တွင် (၃)လက်မခန့် နှင့် ဇလွန်မြို့တွင် (၃)လက်မခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်နေလျက်ရှိသည်။
" ဟင်္သာတမြို့ရဲ့ ၂၀၁၉ ဇန်နဝါရီကနေ ဇူလိုင်လကုန်အထိ မိုးရေချိန်က (၄၀.၅၉)လက်မပါ ။ မိုးရွာရက်ကတော့ ရက် (၆၀) ပါ။နောက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ကနေ ဇူလိုင်လအထိ မိုးရေချိန်က (၃၃.၈၈) လက်မပါ။ မိုးရွာရက်က (၄၅) ရက်ပါ "
ဟု ဟင်္သာတမြို့ ၊ မိုးလေဝသနှင်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဦးစီးအရာရှိ ဦးကျော်လင်းကပြောသည်။
အဆိုပါမြို့များ၏ မြစ်ရေခန့်မှန်းချက်များအရ ညောင်ဦးမြို့ ၏ မြစ်ရေသည် နောက် နောက်(၂)ရက်အ တွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပြီး ဆိပ်သာမြို့၏လက်ရှိရေမှတ်မှ နောက်(၃)ရက် အတွင်း စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိ‌ နေမည်ဖြစ်သည်။
ထို့ပြင် ဟင်္သာတမြို့၏ မြစ်ရေခန့်မှန်းချက်များအရ လက်ရှိရေမှတ်မှ နောက် (၃)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပြီး ဇလွန်မြို့၏ လက်ရှိရေမှတ်မှ နောက်(၃)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နေမည်ဖြစ်သည်။
ထိုကြောင့် ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ် ၊ ညောင်ဦးမြို့နှင့် ဆိပ်သာမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်အပ်ထားသည်။
Ref ; Transcom News Journal

0 comments:

Post a Comment