စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအပေါ် (၆)ရာခိုင်နှုန်း၊(၁၀)ရာခိုင်နှုန်း၊(၂၀)ရာခိုင်နှုန်း၊(၃၀)ရာခိုင်နှုန်းဖြင့် အခွန်စည်းကြပ်ကောက်ခံမည့် ၂၀၂၀ အခွန်အကောက်ဥပဒေပါ ပုဒ်မ၂၅(က)ကို ပြည်ထောင်စုလွှတ်တော်က ယနေ့သြဂုတ်လ ၂၈ ရက်တွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။
၂၀၂၀ပြည့်နှစ်အခွန်အကောက်ဥပဒေကြမ်းတင်ခဲ့စဉ်အချိန်က အဆိုပါ ပုဒ်မ ၂၅ မပါခဲ့သော်လည်း နောက်ပိုင်းမှ ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီက အစိုးရနှင့်တာဝန်ရှိသူများ၊ စီးပွားရေးကဏ္ဍအသီးသီး မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကိုသုံးသပ်၍ ပုဒ်မ ၂၅(က)ကို ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်းလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂ဦး က ကန့်ကွက်ခဲ့သဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ပုဒ်မ၂၅(က)ကို ထောက်ခံသည့် လွှတ်တော်ကိုယ်စားလှယ် ၃၅၂ ဦးရှိခဲ့သောကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြု လိုက်ခြင်းဖြစ်သည်။
ပုဒ်မ၂၅ (က)သည် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ စည်းကြပ်မှုမှလွတ် ကင်း နေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။သို့ရာတွင်နိုင်ငံသားမည်သူ မဆို အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည် ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ဆောင်ရွက်ခြင်း တို့အတွက် အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင် သည့်ဝင်ငွေရှိ ပါက ယင်းဝင်ငွေကို နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင် လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် လည်းကောင်း အောက်ဖော်ပြပါ အခွန် နှုန်းအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။
အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်းအတိအကျ တင်ပြနိုင်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန်မလို။ ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့ နှင့် လည်းကောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရသည့် ဥပဒေပုဒ်မဖြစ်ကြောင်း သိရသည်။
Ref : ပြည်ထောင်စုလွှတ်တော် Crd : PyiMyanmar
0 comments:
Post a Comment