Sunday, August 2, 2020

ဒေါက်တာ ညိုညိုသင်း ရွေးကောက်ပွဲ ဝင်မည်

ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရပြီး နောက်ပိုင်းကာလ များတွင် လွှတ်တော်ပြင်ပက ထောက်ပြမှုများကို ဆောင်ရွက်နေသည့် ဒေါက်တာ ညိုညိုသင်း အနေဖြင့် လာမည့် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သြဂုတ်လ၂ ရက် တွင် အတည်ပြုသည်။
လာမည့် ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအနေဖြင့် ဝင်ရောက် အရွေးချယ်ခံသွားမည်ဖြစ်ကာ မည်သည့်လွှတ်တော်အတွက် အရွေးချယ်ခံမည်ဆိုသော အချက်ကိုမူ လာမည့် သြဂုတ်လ ၄ ရက်၌ ကြေငြာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒေါက်တာ ညိုညိုသင်း အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
Ref ; Pyi Myanmar

0 comments:

Post a Comment