Sunday, August 2, 2020

ကိုယ်ပိုင်ကျောင်းများမှ အစိုးရကျောင်းများသို့ ပြောင်းတက်သူများရှိလာ

ဘော်ဒါဆောင်တွဲဖွင့် သည့်ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းများကို COVID-19 ကြောင့် ဖွင့်ခွင့်မပြုသည့်အတွက် ထိုကျောင်းများမှ အစိုးရကျောင်းများသို့ ပြောင်းတက်သူများ ရှိလာသည်။
COVID-19 ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအဆင့်A ရရှိသည့် အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ဘော်ဒါဆောင်မပါရှိသည့် ပုဂ္ဂလိကကိုယ် ပိုင်ကျောင်းများကို COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအ မျိုးသားအဆင့် ဗဟိုကော်မတီက ဇူလိုင် ၂၁ရက်ကစကာ အထက်တန်းအဆင့်အတန်း နှစ်တန်းစဖွင့် ခွင့်ပြုထားသည်။
COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန်လိုအပ်သဖြင့် ဘော်ဒါဆောင် ထားရှိဖွင့်လှစ်သည့် ပုဂ္ဂလိကကိုယ်ပိုင်အထက် တန်းကျောင်းများ၊ ဘော်ဒါ ဆောင်များနှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများကို ထိုကော်မတီကပြန်ဖွင့်ခွင့်မပြု ထားပေ။
ဘော်ဒါဆောင်တွဲဖွင့်သည့် ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းများ ဖွင့်ခွင့်မရသည့်အတွက် ထိုကျောင်း များမှကျောင်းသား၊ ကျောင်းသူများသည်အစိုးရကျောင်းများသို့ ပြောင်းရွှေ့မှုများရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးမှ ပညာရေးတာဝန်ရှိသူတစ်ဦးကပြောသည်။
မန္တလေးတိုင်းဒေသကြီးမှ ဒသမတန်း (Grade-11) ကျောင်း သား၏မိခင် ဒေါ်စန္ဒာဝင်းက လည်း ‘‘တခြားမြို့ကကိုယ်ပိုင် ကျောင်းတစ်ခုကို ပို့ဖို့စီစဉ်ထား တာပါ။ အခုကတော့ ကျောင်းက ဖွင့်မရသေးဘူးဆိုတော့ ဘာ ဆက်ဖြစ်မယ်လည်း မသိတော့ အရင်တက်ခဲ့တဲ့ကျောင်း (အစိုးရ ကျောင်း)မှာပဲ ပြန်ထားရတော့မှာ ပါ’’ဟု ဆိုသည်။
ကိုယ်ပိုင်ကျောင်းများမှ အစိုးရကျောင်းများသို့ ပြောင်းချင် သည့် ကျောင်းသူ၊ကျောင်းသား များရှိလာပြီး ပြောင်းရွှေ့လာမည့် သူအားလုံးကို ဝမ်းသာစွာလက်ခံမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၂၃ရက်က ၎င်း၏လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားထား သည်။
‘‘လက်ရှိ ကျွန်မတို့နိုင်ငံအခြေအနေအရ ကိုယ်ပိုင်ကျောင်း တွေရဲ့ကဏ္ဍကတန်ဖိုးရှိပါတယ်။ ဒါကြောင့် ဒီကျောင်းတွေအဆင် ပြေရေးကိုကျွန်မတို့ အလေးထားပါတယ်။ ဘော်ဒါဆောင်နဲ့ကိုယ် ပိုင်ကျောင်းတွေကို ဖွင့်ပေးရေးကတော့ လောလောဆယ်မဖြစ်သေး ပါဘူး။ ကျောင်းသားတွေ၊ မိဘတွေကတော့ ဖွင့်စေချင်ကြပါတယ်။ Quarantine လောက်ကို ဘော်ဒါဆောင်တွေက စိတ်ချရပါ တယ်လို့ ယူဆချက်တွေလည်း ရှိ ပါတယ်။ ဒါပေမဲ့ကျွန်မတို့ကမ္ဘာ့ အခြေအနေ သုံးသပ်လိုက်တော့ ဘော်ဒါဆောင်တွေလိုမျိုး အနေ အထားကို လုံခြုံတယ်လို့မယူဆ နိုင်သေးတာ တွေ့ရှိရပါတယ်’’ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ရေးသားထားသည်။
၂၀၂၀-၂၁ ပညာသင်နှစ်အတွင်း ကိုယ်ပိုင်ကျောင်း (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားများ အစိုးရအခြေခံပညာကျောင်းသို့ လုပ်ထုံးလုပ် နည်းနှင့်အညီ ပြောင်းရွှေ့လိုပါက လည်း Catchment Area (ကျောင်းအပ်ရန် သတ်မှတ်ထားသည့်နယ်မြေ) အလိုက် လက်ခံ ပေးရန် အခြေခံပညာဦးစီးဌာနက ဇူလိုင် ၂၈ရက်စွဲဖြင့် ညွှန်ကြား ချက်ထုတ်ပြန်ထားသည်။
‘‘ကိုယ်ပိုင်ကျောင်းတွေက ဘော်ဒါဆောင်နဲ့တွဲရင် ခွင့်ပြုမ ထားတော့ ကျောင်းသားတွေက အစိုးရကျောင်းတွေကို ပြောင်းလာကြတယ်။ ပြောင်းလာရင် လည်း ကျောင်းကလက်ခံပေးရ မယ်။ ဒါပေမဲ့သန်းခေါင်စာရင်းအရ သူအပ်ရမယ့် Catchment Area အတွင်းက ကျောင်းပဲအပ် လို့ရမယ်’’ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဆိုသည်။
Ref ; 7Day

0 comments:

Post a Comment