မြောက်ပိုင်းလက်နက် ကိုင်သုံးဖွဲ့၏ တိုက်ခိုက်မှုအပေါ် တရုတ်အစိုးရက ပြတ်သားစွာ ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ယမန်နေ့တွင် ပြော သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲ ကို သြဂုတ် ၁၉ ရက်တွင် ဘေဂျင်းမြို့၌ ပြုလုပ်ရာ AA, TNLA, MNDAA လက်နက်ကိုင်အဖွဲ့များ က တပ်မတော်ထိန်းချုပ်နေရာ များကို ၀င်ရောက်တိုက်ခိုက်၍ လူသေကျေဒဏ်ရာရရှိမှုဖြစ်ပွား ခြင်းအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို ထည့်သွင်းဖြေကြားစဉ် အ ထက်ပါအတိုင်း ပြောကြားသည် ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက သတင်းထုတ်ပြန်သည်။
‘‘လက်နက်ကိုင်ဝင်ရောက် တိုက်ခိုက်မှုကြောင့် လူသေကျေ ဒဏ်ရာရရှိစေခြင်းသည် မြန်မာ နိုင်ငံ၏ မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးတည်ငြိမ်မှုကို ထိခိုက်သ ဖြင့် တရုတ်နိုင်ငံအနေဖြင့် ပြတ် ပြတ်သားသားဆန့်ကျင်ကြောင်း’’ ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
တရုတ်အစိုးရသည် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလွန်အလေး ထားပြီး မြန်မာနိုင်ငံ၏ငြိမ်းချမ်း ရေးဖြစ်စဉ်ကို အစဉ်တစိုက် ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၏ အပစ်အခတ် ရပ်စဲရေးအခြေအနေကို ဆက်လက်ထိန်းသိမ်းရန် လိုအပ် ကြောင်း ဆက်လက်ဖော်ပြသည်။
ထို့အပြင် အပစ်အခတ်ရပ်စဲ ရေးအခြေအနေကို ဆက်လက် ထိန်းသိမ်းရန် အပြုသဘောဆောင် သော အခန်းကဏ္ဍမှ တရုတ် နိုင်ငံက ဆက်လက်ပါဝင်မည်ဟု ဆိုသည်။
လတ်တလောအခြေအနေ များနှင့်ပတ်သက်၍ အကြမ်းဖက် မှုများ အဆုံးသတ်ကာ ညှိနှိုင်းဆွေးနွေးပွဲများတွင် အဖြေရှာရန် မျှော် လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေညှိနှိုင်းရေးမှူးက ပြော ကြားထားသည်။
ထို့အပြင် အရှိန်မြင့်လာ သည့် တိုက်ပွဲများနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိကြောင်း မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။
7Day






0 comments:
Post a Comment