
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူ ကုန်းကျေးရွာတွင် မိုးသည်းထန်စွာ ရွာ သွန်းမှုကြောင့် တောင်ပြိုကျမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ပညာ ရှင်များ အမြန်ဆုံး စေလွှတ်ဆောင်ရွက် မည် ဟု အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြား ခဲ့ကြောင်းသိရသည်။
အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် တောင်ပြိုကျမှုဖြစ်ပွားခဲ့သည့် သဲဖြူကုန်း ကျေးရွာတွင် လာရောက်ကြည့်ရှုစစ်ဆေးစဉ် ယင်းကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
'သဲဖြူကုန်း မြေပြိုမူဖြစ်ပွားသည့် နေရာ နောက်ထပ်ဖြစ်ပွားနိုင်မှု အခြေ အနေကို ဒုတိယသမ္မတကြီးက ဒရုန်းဖြင့် ကြည့်ရှုနေစဉ်၊ ဒုတိယသမ္မတကြီးက ပြည် ထောင်စုအဆင့် ပညာရှင်များဖြင့် အမြန် ဆုံး စေလွှတ်ပြီး ဆောင်ရွက်ပေးမည်ဟု လမ်းညွှန်မှု ပေးသွားပါတယ်'ဟု ပေါင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ၎င်း၏ လူမှုကွန်ရက်စာမျက် နှာတွင် ဩဂုတ် ၁၂ ရက်က ရေးသားထားသည်။
မြေပြိုမှုဖြစ်ပွားရာ နေရာတွင် နောက်ထပ်အက်ကြောင်းများ တွေ့ရှိထား သောကြောင့် မိုးကြီးပါက ထပ်မံပြိုကျနိုင် သည့်အလားအလာရှိကြောင်း ပေါင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ၎င်း၏ လူမှုကွန်ရက်စာမျက် နှာတွင် ဩဂုတ် ၁၁ ရက် ညနေပိုင်းက ရေးသားထားသည်။
'သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ် ပွားတဲ့နေရာမှာ နောက်ထပ်ဖြစ်နိုင်ခြေရှိ၊ မရှိကို ဒရုန်းစက်နဲ့ရိုက်ပြီး လေ့လာတွေ့ရှိ ချက်ကတော့ နောက်ထပ်အက်ကြောင်း တွေ့ထားပါတယ်။ မိုးကြီးရင်တော့ ပြိုကျ နိုင်ပါတယ်။ အမြန်ဆုံး ဘယ်လိုဆောင် ရွက်မလဲဆိုတာကို ပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါတွေ ကို ရန်ကုန်တိုင်း မီးသတ်အဖွဲ့က ကူညီ ဆောင်ရွက်ပေးပါတယ်။ ပညာရှင်တွေပါ လာတဲ့အတွက် အကြံဉာဏ်ကောင်းတွေ ရရှိပါတယ်'ဟု မိကွန်ချမ်းက ရေးသား ထားသည်။
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူ ကုန်းကျေးရွာနေရာတွင် ဩဂုတ် ၉ ရက် နံနက်ပိုင်း ၇ နာရီခန့်က မြေပြိုမှု စတင် ဖြစ်ပွားခဲ့ခြင်းကြောင့် လက်ရှိအချိန်အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၂ ရက် ညနေ ၆နာရီခန့်အထိ စုစုပေါင်းသေဆုံးသူ ၅၉ ဦး ရှာဖွေတွေ့ရှိထားကြောင်း မြန်မာ နိုင်ငံ မီးသတ်ဦးစီးဌာနမှ သိရသည်။

သတင်း - နောင်လေး
ဓာတ်ပုံ - မိကွန်ချမ်း






0 comments:
Post a Comment