
သြဂုတ်လ ၁၇ ရက်နေ့ ၂၃း၀၀ အချိန်တွင် တပ်မတော်သားများနှင့် ထီလုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ လှိုင်းဘွဲ့မြို့နယ်၊ တညှင်းကုန်းကျေးရွာထိပ်၊ ထီလုံတာဘောင်လမ်းတွင် တာဘောင်ကျေးရွာဘက်မှ ထီလုံကျေးရွာဘက်သို့ ဘားအံမြို့နယ်၊ ထောင်ကလပ် ကျေးရွာနေ အခီး(ခ)အကျော် ၄၂ နှစ်မောင်းနှင်ပြီး ၎င်း၏ဇနီးဖြစ်သူ မငွေကြည် ၂၂ နှစ်တို့ လိုက်ပါ လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ရှေ့ခန်းအတွင်းမှ ကာဘိုင်သေနတ် ၁ လက်၊ ၎င်းကျည် ၂၅ တောင့်၊ ၎င်းကျည်အိမ် ၃ ခု၊ လက်လုပ်ဂတ်စ်သေနတ် ၁ လက်၊ သစ်သားသေနတ်ဒင် ၁ ခု၊ လက်ပစ်ဗုံး ၃ လုံး၊ ပစ္စတိုကျည် ၁၀ တောင့်၊ ကျည်ဘောက်အိတ် ၄ ခု၊ ခါးပတ်အကြီး ၁ ခုနှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အသေးစိတ်ထပ်မံစစ်ဆေးရှာဖွေရာ အခီး(ခ)အကျော် ဝတ်ဆင်ထားသည့် အင်္ကျီ အိတ်ကပ်အတွင်းနှင့် မော်တော်ယာဉ်အတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၃ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၆၀၀.၀၉ သိန်း)နှင့် မြန်မာငွေ ၈၄၅၆၀၀ ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထီလုံနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
CCDAC Myanmar
အကုန်သိ သတင်းဌာန
0 comments:
Post a Comment