
စင်ကာပူနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခံရ၍ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် ဖမ်းဆီးစစ်ဆေးခံရသော ရခိုင်လူမှုအဖွဲ့အစည်း (စင်ကာပူ) မှ ခေါင်းဆောင် အပါအဝင် ကိုးဦးကို ယနေ့ (သြဂုတ် ၉ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်တရားရုံး၌ ၁၀ နာရီ ၄၅ မိနစ်တွင် အလုံပိတ်ထားသည့် အန်စာတုံးယာဉ် သုံးစီးဖြင့် ထပ်မံ ရုံးထုတ်လာခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူများမှာ ရခိုင်လူမှု့အဖွဲ့အစည်း(စင်ကာပူ) မှ ခေါင်းဆောင် ကိုအောင်မြတ်ကျော် အပါအ၀င်ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ ကိုတင်လှိုင်ဦး၊ မအေးမြတ်မွန်၊ ကိုမြတ်လင်းဦး၊ ကိုရွှေလှိုင်သန်း၊ ကိုအောင်မျိုးဝင်း တို့ဖြစ်သည်။
ချုပ်နှောင် ဖမ်းဆီးခံထားရသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။



ကြည်နိုင်






0 comments:
Post a Comment