Tuesday, August 6, 2019

ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် အဝေးဆက်သွယ်ရေး ဆက်ကြောင်းများ ချိတ်ဆက်ရန် ခက်ခဲသည့် တောင်ပေါ်ဒေသများတွင် တာဝါတိုင်များ တည်ဆောက်ရန်အစီစဉ်မရှိသေး

Image may contain: sky, cloud, tree and outdoor

မိုးမိတ်မြို့နယ်အတွင်းရှိ တောင်ပေါ် ဒေသများဖြစ်သည့် လွယ်မောက်၊ တုံးကြီး၊ ရေပုံး၊ ခတ်ချယ်၊ လွယ်ရာ၊ မိုင်းနင်း၊ နန့်ရှီး၊ ညောင်တောက်၊ မန့်ယွင်းစသည့် ရေပုံးကျေးရွာအုပ်စု ကိုးတောင်နယ်နှင့် ငါးတောင်နယ်ဖြစ်သည့် မန်ကောက်ကျေးရွာအုပ်စုတို့တွင် ဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူးပေးရန် ၎င်း ကျေးရွာများသည် လူဦးရေနည်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ အဝေးဆက်သွယ်ရေးဆက်ကြောင်းများ ချိတ်ဆက်ရန် ခက်ခဲခြင်း စသည်တို့ကြောင့် ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် ယခုအချိန်တွင် တာဝါတိုင် တည်ဆောက်ပေးရန် အစီအစဉ် မရှိသေးကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက သြဂုတ် ၆ ရက်တွင်ပြောသည်။

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိုးမိတ် မဲဆန္ဒနယ်မှ ဦးတိုးသောင်က မိုးမိတ်မြို့နယ် တောင်ပေါ်ဒေသ များတွင် ဆက်သွယ်ရေးတာဝါတိုင်များ စိုက်ထူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့မှုအားပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း/ပြည်ပ ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် မြို့ပြနှင့် ကျေးလက်များပါမကျန် ဆက်သွယ်ရေးကဏ္ဍဍ ပိုမိုဖွံ့ဖြိုး တိုးတက် ကောင်းမွန်စေရန်အတွက် မိုဘိုင်းဆက်သွယ်ရေးစခန်းများကို တိုးချဲ့တည်ဆောက် ပေးလျက်ရှိသော်လည်း မိုဘိုင်းစခန်းများတည်ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်၊ အဝေးဆက်သွယ်ရေး ဆက်ကြောင်း (မိုက်ခရိုဝေ့ဗ်၊ ဖိုင်ဘာ၊ ဂြိုလ်တု)များ တည်ဆောက်ရ ခြင်း၊ လျှပ်စစ်မီးရရှိနိုင်မှု အခြေအနေ၊ မြေပြင်အနေအထား၊ ရာသီဥတုအခြေအနေ၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု အခြေအနေ၊ လူဦးရေသိပ်သည်းမှုနှင့် ပြန်လည်ရရှိနိုင်မည့် ဝင်ငွေအခြေအနေ စသည်တို့အပေါ် မူတည်ပြီး တည်ဆောက်ရခြင်းဖြစ်သည် ဟုလည်း ၎င်းကဆိုသည်။
သို့ရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းရှိ အခြေခံ ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသည့် နယ်မြေဒေသများ(Underserved Area)များတွင် အခြေခံဆက်သွယ်ရေးအဆောက်အအုံ တိုးချဲ့တည်ဆောက်နိုင်ရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပိုမိုကျယ်ပြန့်ကောင်းမွန်စေနိုင်မည့် အစီအစဉ်များ ချမှတ် ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေးအော်ပရေ တာများက အချိုးကျထည့်ဝင်သည့် အခြေခံ ဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ Universal Service Fund ဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ဘဏ္ဍဍာရေးနှစ်အလိုက် ဦးစားပေးအစီအစဉ်ဖြင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Photo - Credit
The Ladies News

0 comments:

Post a Comment