Tuesday, August 20, 2019

ပါတီစုံ ဒီမိုကရေစီစနစ်တွင် တစ်ပါတီတည်း အာဏာရနေခြင်းသည် မကောင်းဟု ဦးမျိုးရန်နောင်သိန်းပြော

ပါတီစုံ ဒီမိုကရေစီစနစ်တွင် တစ်ပါတီတည်း အာဏာရနေခြင်းသည် မကောင်းဟု ဦးမျိုးရန်နောင်သိန်းပြော
ပါတီစုံဒီမိုကရေစီစနစ်တွင် တစ်ပါတီတည်းကသာ အာဏာရနေခြင်းသည် ကောင်းသည့်လက္ခဏာမဟုတ်ကြောင်းနှင့် ပြိုင် ဆိုင် မှုမရှိပါ အာဏာရှင်ဆန်လာလိမ့်မည်ဟု NLD ပါတီ ဗဟိုသုတေသနဌာန အတွင်းရေးမှူးအဖြစ်မှ ရပ်ဆိုင်းခြင်းခံခဲ့ရသည့် ဦးမျိုး ရန်နောင်သိန်းက ပြောသည်။
ဦးမျိုးရန်နောင်သိန်းနှင့် အကုန်သိသတင်းဌာန သီးသန့်အင်တာဗျူးအစီအစဉ်တွင် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ် သည်။
“ပါတီစုံ ဒီမိုကရေစီစနစ်မှာ တစ်ပါတီတည်း အာဏာရနေလို့ မကောင်းဘူးဗျ။ လူတွေဆိုတာ အကျင့်ပျက်တတ်တယ်။ ဒါကျွန် တော်ရိုးသားစွာပြောတာ။ ကျွန်တော်တို့အနေနဲ့ NLD ပါတီကို အကြာကြီး ဆက်အနိုင်ရတာကို မကြိုက်ပါဘူး။ ထို့အတူအခြား ပါ တီတွေလည်း တခြားပါတီတွေလည်း တက်လာစေချင်တယ်။ ပြည်ခိုင်ဖြိုးကိုလည်း ဆက်ရှိစေချင်တယ်။ ပြည်သူကို ကိုယ်စားပြု တဲ့ မည်သည့် ပါတီမဆို ဆက်ရှင်သန်စေချင်တယ်။ ပါတီစုံဖြစ်တဲ့အတွက် ယှဉ်ပြိုင်မှုရှိရမယ်။ ယှဉ်ပြိုင်မှု မရှိရင် ပျက်စီးမှာပဲ။ အာ ဏာရှင်ဆန်လာလိမ့်မယ်။ ဒါသည်ကောင်းတဲ့ အခြေအနေမဟုတ်ဘူး” ဟု ဦးမျိုးရန်နောင်သိန်း ကပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဆက်လက်အနိုင်ရရှိရန် လိုအပ်ပြီး ၂၀၃၀ တွင် NLD ထပ်နိုင်ပါက မှားနေပြီဖြစ်ကြောင်း ၎င်းကပြောသည်။
ပါတီတစ်ခုအနေဖြင့် အာဏာကို ၁၅ နှစ်ခန့်သာ ယူသင့်ပြီး ၁၅ နှစ်ထက် ကျော်လွန် အာဏာရလာပါက အကျင့် ပျက်ခြစားလာ ကြမည်ဖြစ်ကြောင်း ဦးမျိုးရန်နောင်သိန်းက ပြောသည်။
ဦးမျိုးရန်နောင်သိန်းသည် လတ်တလောတွင် NLD ဗဟိုသုတေသန အတွင်းရေးမှူးတာဝန်များမှ ရပ်ဆိုင်းခံရ သူတစ်ဦးဖြစ်ပြီး ပါ တီဝင် တစ်ယောက်အနေဖြင့် ဆက်ရှိနေကြောင်း သိရသည်။

ချမ်းငြိမ်း ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment