
ထိုင်းနိုင်ငံ၏ ရာမ ၉ ဘုရင်၊ ဘူမိဘော အဒူယာဒက်ရှ် ၏ မိဖုရား သိရိခေတ် ၏ မွေးနေ့ဖြစ်သော ဩဂုတ် ၁၂ရက် နေ့ က နန်းတော်တွင် အလှူအတန်းများပြုလုပ်ခဲ့ကြသည်။ သူမ၏ မွေးနေ့ ကို ထိုင်းနိုင်ငံ၏ အမေများနေ့အဖြစ် သတ်မှတ်ထားသည်။
ကျန်းမာရေးယိုယွင်းနေမူ့ကြောင့် မိဖုရား၏ဓာတ်ပုံများကိုမထုတ်ပြန်ဘဲထားရှိခဲ့ရာမှ ယခု သူမ၏ ၈၇ နှစ်မြောက်မွေးနေ့တွင်တော့ နန်းတော်က ထုတ်ပြန်ခဲ့သည်။
ထို မွေးနေ့ပွဲအလှူကို သားတော်ဖြစ်သော ဘုရင် ဗီယာလောင်ကွန်း၊မိဖုရား ဆုသီတာ၊ရာမ ၉ ၏သမီးတော် နှစ်ပါးဖြစ်သော မင်းသမီး သီရိဒုံနှင့် မင်းသမီး ချူလာဘွန်၊လက်ရှိဘုရင်၏ သမီးကြီးနှင့် သားတို့ ခြံရံကာ ပြုလုပ်ခဲ့ကြသည်။










0 comments:
Post a Comment