
မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူအသေအပျောက်များခဲ့တာကြောင့် ရပ်ဆိုင်းထားရတဲ့ ဘိုးအင်း ၇၃၇ မက်ဇ် လေယာဉ်တွေကို ပြန်ခွင့်ပြုဖို့ ရက်သတ်မှတ်ထားတာမျိုး မရှိသေးဘူးလို့ အမေရိကန် လေကြောင်းအာဏာပိုင်အဖွဲ့ (အက်ဖ်အေအေ)အကြီးအကဲသစ် စတီဖင် ဒစ်ဆင်ကဆိုပါတယ်။
ဒစ်ဆင်ဟာ အခုလ ၁၂ ရက်နေ့တုန်းက အက်ဖ်အေအေ အကြီးအကဲ ရာထူးအတွက် ကျမ်းကျိန်ခဲ့ပြီးတော့ အဲဒီ ကျမ်းကျိန် ပွဲမှာပဲ အခုလိုပြောသွားတာပါ။
အက်ဖ်အေအေရဲ့ အဓိက ဦးစားပေးက လုံခြုံစိတ်ချရရေးဖြစ်တယ်၊ ဘိုးအင်း ၇၃၇ မက်ဇ်တွေ ပြန်လာဖို့ အချိန်သတ်မှတ် ထားတာမျိုးမရှိဘူး၊ နည်းပညာပိုင်းနဲ့ လေ့ကျင့်ပြင်ဆင်မှုတွေလုပ်နေတဲ့အတွက် ဝမ်းသာတယ်။ လုံခြုံစိတ်ချရပြီဆိုတော့မှ ခရီးသည် ပို့ဆောင်ရေးလောကကို ပြန်ဝင်ခွင့်ရမယ်လို့ ဒစ်ဆင်က ဆိုပါတယ်။
ဘိုးအင်း ၇၃၇ မက်ဇ် နှစ်စီး ပျက်ကျခဲ့မှုမှာ လူ ၃၄၀ ကျော် သေဆုံးခဲ့ရပါတယ်။
ဒစ်ဆင်ဟာ အထက်လွှတ်တော်မှာ ဒီမိုကရက်တွေရဲ့ ကန့်ကွက်မှုကို ကျော်ဖြတ်ပြီးတော့ ၅၂မဲ- မဲ၄၀ နဲ့ အက်ဖ်အေအေ အကြီးအကဲ နေရာကို ရရှိခဲ့တာဖြစ်ပါတယ်။


Source: AP






0 comments:
Post a Comment