
သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှာ သြဂုတ် (၁၃) ရက် မနက်ပိုင်းက ကျေးရွာမြေပေါ်မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို ဖယ်ရှားရှင်းလင်းပေးဖို့ ဒေသခံအင်အား(၁၀၀) ကျော်က ဆန္ဒထုတ်ဖော်ကြပါတယ်။
ချောင်းကြီးကျေးရွာဟာ ပြည်ထဲရေးအမည်ပေါက်ရွာဖြစ်တာကြောင့် ရွာမြေပေါ်ကိုကျူးကျော်နေတဲ့ ရွှေလုပ် ကွက်တွေ ဖယ်ရှားပေးဖို့၊ ပြည်ထဲရေးအမိန့်ကို ဆန့်ကျင်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို အရေးယူပေးဖို့နဲ့ သတ္တုတွင်းဥပဒေကို မလိုက်နာတဲ့ လုပ်ငန်းရှင်တွေကို အရေးယူပေးဖို့ ဆိုတဲ့အချက်တွေကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။



သတင်း/ဓာတ်ပုံ အေးစုမွန်






0 comments:
Post a Comment