Wednesday, August 21, 2019

မောင်တောမြို့နယ်အတွင်းမှ သိန်းသုံးထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Image may contain: table and indoor

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက် နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ သြဂုတ် ၁၉ ရက် ည ၈ နာရီခွဲခန့်တွင် ဂုံးနားကျေးရွာရှိ လူနေထိုင်ခြင်း မရှိသည့်နေအိမ်ကို ဝင်ရောက် စစ်ဆေး ရှာဖွေရာ နေအိမ် အိပ်ခန်းအောက်မြေကြီးအတွင်း မြှုပ်နှံထားပြီး ဆာလာအိတ်ဖြင့် ထုပ်ထားသော WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅ဝဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၁၉ဝဝ ကျော်ခန့်)ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

အလားတူ ပူးပေါင်းအဖွဲ့က အဘူကျကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်စဉ် ကျေးရွာ၏ အနောက်ဘက် မီတာ ၈ဝဝ ခန့် အကွာရှိ ပုစွန်ကန်တာပေါင် လမ်းပေါ်၌ ဆာလာအိတ်တစ်အိတ် ထမ်း၍ လမ်းလျှောက်လာသူ မသင်္ကာဖွယ် ဘင်္ဂါလီသုံးဦးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ ၎င်းတို့ သုံးဦးသည် ဆာလာအိတ်ကို ပစ်ချပြီး ထွက်ပြေး သွားခဲ့သည်။ပစ်ချခဲ့သည့် ဆာလာအိတ်အား စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ဝဝဝ ပြား (ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်း ၁၅ဝဝ ကျော်ခန့်)ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ပြင်ဖြူရဲစခန်းနှင့် ငါးခူရရဲစခန်း တို့သို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

0 comments:

Post a Comment