Wednesday, August 14, 2019

မြန်မာ-ထိုင်းနယ်စပ်တွင် စိတ်ကြွဆေးပြား လေးသန်းကျော်ဖမ်းမိ

Image may contain: 2 people, outdoor
မြန်မာ-ထိုင်းနယ်စပ် မဲဆိုင်မြို့ အနီးတွင် ရွာသားများ သတင်းပေးမှု ကြောင့် ပီနံအိတ် ၁၇အိတ်ဖြင့် ထုပ်ထား သည့် စိတ်ကြွဆေးပြား လေးသန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း Social Action For Children And Women (SAW) အဖွဲ့မှ သိရသည်။

ထိုင်းနိုင်ငံ (မြောက်ပိုင်း) မြန်မာ နိုင်ငံ တာချီလိတ်မြို့နှင့် မီတာ ၃၀၀ သာ ကွာဝေးသည့် ချင်းရိုင်ခရိုင် မဲဆိုင်မြို့မင်ဒန်သိုင့် အမှတ်(၁)ကျေးရွာအနီးတွင် ပီနံအိတ် ၁၇အိတ်ဖြင့် ထုပ်ထားသည့် ၉၉၉ ပန်းသီးတံဆိပ် ရာဘဆေးပြား ၄၁၉၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
သတင်းစာရှင်းလင်းရာတွင် မူးယစ် ဆေးဝါးများကို ထိုင်းနယ်မြေအတွင်းပိုင်း အထိ သယ်လာပြီး ထိုင်းဘက်သို့ လက်လွှဲ ပေးရန် စီစဉ်ထားပုံရကြောင်း၊ သတ်မှတ် နေရာတွင် သယ်ယူချထားသည့်အချိန်တွင် မိုးသက်လေပြင်းများ တိုက်ခတ်ကာ ရာသီဥတုဆိုးရွားနေသဖြင့် ထိုင်းဘက်မှ လက်လွှဲယူမည့်သူများရောက်မလာခြင်းကြောင့် ယခုကဲ့သို့ လမ်းမဘေးချထားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအမှတ်(၂)နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး နထီချင်စန်ကပြောဆိုသည်။
ထိုင်းအာဏာပိုင်များက စိတ်ကြွဆေးထည့်ထားသည့် ပီနံအိတ်ပေါ်မှ လက်ဗွေရာများကို စစ်ဆေးနေပြီး ထိုင်းနိုင်ငံသားများပါဝင်ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - နိုင်ဝင်းစိုး

0 comments:

Post a Comment