
မဲခေါင်-ဂျပန်ချစ်ကြည်ရေး(၂၀၁၉) အခမ်းအနားကို သြဂုတ်(၁၄)ရက် မနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ကျင်းခဲ့ပါတယ်။ အဲဒီအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနက မဲခေါင်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအကအလှတွေနဲ့လည်း ကပြဖျော်ဖြေ ခဲ့ပါတယ်။
အခမ်းအနားမှာ နိုင်ငံတကာပြိုင်ပွဲတွေဖြစ်တဲ့ နိုင်ငံတကာစီးပွားရေးပုံစံယှဉ်ပြိုင်ပွဲ(၂၀၁၉)၊ စက်ရုပ်ယှဉ်ပြိုင်ပွဲ (၂၀၁၉)၊ ဆူရာနရီး နည်းပညာတက္ကသိုလ်ရဲ့ ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်ဆန်းသစ်မှုလူငယ်များ စီးပွားရေးအမြင်သစ် ပုံစံငယ်ယှဉ်ပြိုင်ပွဲ (၂၀၁၈)နဲ့ အာဆီယံ သတင်းအချက်အလက်နည်းပညာ ဆက်သွယ်ရေး အတွက် စက်ရုံထိန်းချုပ်မှုလုံခြုံရေး Block Chain နည်းပညာယှဉ်ပြိုင်ပွဲ (၂၀၁၈) တွေမှာ ဆုရရှိခဲ့သူတွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။
အဲဒီအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေ၊ မဲခေါင်ဒေသတွင်းနိုင်ငံတွေက သံအမတ်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေ တက်ရောက်ခဲ့ပါတယ်။


သတင်း- ငြိမ်းချမ်းအောင်






0 comments:
Post a Comment