ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC) အရပ်သား ကိုယ်စားလှယ်များ၏ မျက်နှာစုံ ညီအစည်းအဝးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် သြဂုတ် ၁၃ ရက်ကစ၍ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် JMC ကော်မတီများ၌ ပါဝင်နေ သည့် အရပ်သား စောင့်ကြည့်သူ များ၏ အခန်းကဏ္ဍ၊ အရပ်သား ကိုယ်စားလှယ်များ၏ JMC အ လိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို သုံးသပ်ဆွေးနွေးမည်ဖြစ်ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်မည့် သူများက ပြောသည်။
‘‘အရပ်သားကိုယ်စားလှယ် တွေ အားလုံးက JMC လုပ်ငန်း တွေအားလုံးကောင်းမွန်စွာ ပြန် လည်လည်ပတ်ဖို့ ဆန္ဒရှိပါတယ်။ ဒီနှစ်ဆန်းပိုင်းက တွေ့ဆုံပွဲနဲ့ ကြားကာလမှာ နယ်မြေအသီးသီး မှာ ဆောင်ရွက်ချက်တွေ၊ စိန်ခေါ် မှုတွေကို တင်ပြဆွေးနွေးကြမှာ ပါ။ ရှေ့ဆက်လုပ်ဆောင်ရမှာ တွေအတွက် အရပ်သားကိုယ်စား လှယ်တွေရဲ့ သဘောထားကို ထုတ်ဖော်ပြီး တိုင်ပင်ဆွေးနွေး တာတွေ ရှိပါလိမ့်မယ်’’ ဟု မွန် ပြည်နယ် (JMC-S) အရပ်သား ကိုယ်စားလှယ် နော်ဆာထူးက ပြောသည်။
အရပ်သားကိုယ်စားလှယ် များ၏ မျက်နှာစုံညီအစည်းအဝေး ကို လေးလတစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားကာ ယခုအကြိမ် သည် သတ္တမအကြိမ်ဖြစ်သည်။ လက်ရှိတွင် အရပ်သားကိုယ်စား လှယ်များက ခြောက်လအတွင်း ဆောင်ရွက်ရန် လျာထားသည့် JMC ဆိုင်ရာ လုပ်ငန်းများနှင့် မျက်နှာစုံညီ အစည်းအဝေးဆိုင် ရာ လုပ်ငန်းစဉ်များကို သက်ဆိုင် ရာ ကော်မတီအသီးသီးက အ လွတ်သဘော ညှိနှိုင်းဆွေးနွေး နေကြောင်း JMC က သတင်း ထုတ်ပြန်သည်။
JMC သည်တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား တိုက်ပွဲများမဖြစ်ပွား ရေး၊ တိုက်ပွဲများ၊ ပဋိပက္ခများ ဖြစ်ပွားပါက ပြဿနာများပြေ လည်မှု ရရှိရေးညှိနှိုင်းဆောင်ရွက် ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ် သည်။ JMC တွင်အစိုးရ၊ တပ်မ တော်နှင့် NCA လက်မှတ်ထိုးတိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ အချိုးကျပါ ဝင်ပြီး အရပ်သားကိုယ်စားလှယ် များလည်း ပါဝင်သည်။ ပြည် ထောင်စုအဆင့်မှသည် တိုင်းနှင့် ပြည်နယ်ကော်မတီအသီးသီးတွင် အရပ်သားကိုယ်စားလှယ် ၄၀ ခန့် ပါဝင်နေသည်။
NCA လက်မှတ်ထိုးတိုင်းရင်း သားလက်နက်ကိုင် ၁၀ ဖွဲ့အနက် KNU နှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) တို့ သည် ၂၀၁၈ နိုဝင်ဘာကတည်း က JMC တွင် ပါဝင်မှုယာယီရပ် ဆိုင်းခဲ့၍ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် JMC အစည်းအ ဝေးများ သတ်မှတ်ချက်အတိုင်း ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်တန့်နေ သည်။ JMC လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည် ဖော်နိုင်ရေး အရပ်သားကိုယ်စား လှယ်များ ကြိုးစားဆောင်ရွက်နေ ကြောင်း ပြည်ထောင်စုအဆင့် JMC ဒုဥက္ကဋ္ဌ (၂) ဖြစ်သည့် အ ရပ်သားကိုယ်စားလှယ်ဦးကိုကို ကြီးက ပြောကြားထားသည်။
7Day






0 comments:
Post a Comment