
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ NCA-S EAO ကိုယ်စားလှယ်တွေဟာ သြဂုတ်(၁၉)ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံနေပါတယ်။
သြဂုတ်(၁၇) ရက်ကနေ (၁၉) ရက်အထိ ပြုလုပ်နေတဲ့ စတုတ္ထအကြိမ်မြောက် NCA-S EAO အလုပ်အဖွဲ့အစည်းအဝေး မှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့က သွားရောက်တွေ့ဆုံတာဖြစ်ပါတယ်။ နှစ်ဖက်တွေ့ဆုံပွဲမှာတော့ အစိုးရရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်တွေကို ဆွေးနွေးကြမယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောပါတယ်။ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်တဲ့ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ ချင်းမိုင်ခရီးစဉ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့နဲ့ အလွတ်သဘော တွေ့ဆုံသွားဖို့ရှိနေပါတယ်။



Source - KNU- HQ






0 comments:
Post a Comment