
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂ဝဝဝ ခန့်အကွာ ကျောက်မဲ-နောင်ချိုကြား ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ သြဂုတ် ၁၃ ရက် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ဒိုက်ဦးမြို့မှ မူဆယ်မြို့သို့ ကျွဲများသယ်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီးအား RCSS/ SSAအဖွဲ့မှ လမ်း၏ညာဘက် မီတာ ၂ဝဝ ခန့်အကွာမှ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ ဦးကျော်ဦးသည် လက်နက်ငယ် ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်နောက်လိုက်ဖြစ်သူ ဦးလောက်စံသည် လက်နက်ငယ် ထိမှန်ဒဏ်ရာများဖြင့် အဆိုပါနေရာ၌ပင် သေဆုံးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်နေရာသို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက သွားရောက်၍ ဒဏ်ရာရရှိသူနှင့် သေဆုံးသူ၏ အလောင်းအား ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်စေခဲ့ပြီး နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News






0 comments:
Post a Comment