Sunday, August 2, 2020

ရွေးကောက်ပွဲကာလတွင် ရခိုင်ပါတီအချင်းချင်း တိုက်ခိုက်မှုတွေကြောင့် ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးပျက်ပြားနေ

ရွေးကောက်ပွဲကာလတွင် ရခိုင်ပါတီအချင်းချင်း တိုက်ခိုက်မှုတွေကြောင့် ရခိုင်အမျိုးသား စည်းလုံးညီညွတ် ရေးပျက်ပြားနေကြောင်း ဒေသတွင်းသတင်းများအရသိရှိရသည်။
အကြောင်းအရင်းမှာ AA နောက်ခံပြုထားသော ANP ပါတီ ရခိုင်မြောက်ပိုင်းတွင် နေရာအနှံ့ မဲနိုင်စေရန် လှုံဆော်မှုများ၊ ခြိမ်းခြောက်မှုများ ပြုလုပ်လာတာကြောင့်ဖြစ်ကြောင်း၊ ယခုအခါ ပါတီနှစ်ခုကြားထောက်ခံသူ များမှာ အချင်းချင်းတိုက်ခိုက်မှုများ ရှိလာကြောင်း၊ မဲဆွယ်ပါက အသတ်အန္တရာယ်ခြိမ်းခြောက်မှုထိပါရှိလာနိုင်ကြောင်း ALD ပါတီဝင်တစ်ဦးမှ အတည်ပြုပြောဆိုသည်။
“ တောင်ပိုင်း၊ မြောက်ပိုင်းခွဲတယ်လို့ ပြောရမယ်၊ လက်ရှိမြောက်ပိုင်းမှာ နိုင်ထားတာက ALD ကအမတ်တွေ၊ ဦးခင်မောင်လတ်တို့ ဒေါ်ခင်စောဝေတို့ ဒေါ်ထုမေတို့ဆိုရင် စစ်ရှောင် ကလေးတွေအရေး၊ ပညာရေး၊ ကျန်းမာ ရေး အကုန်လိုက်လုပ်ပေးနေတော့ ရွေးကောက်ပွဲလုပ်ရင် ALD ပဲအနိုင်ရမှာ ULA လည်း ANP ပဲ၊ ANP လည်း ULAပဲ၊ AA က ဖွဲ့စည်းထားတဲ့ ဒေသအာဏာပိုင်အဖွဲ့ဆိုတာကလည်း ANP ကလူတွေနဲ့ပဲလုပ်ထားတာဆိုတော့ မြောက်ပိုင်းမှာ သူတို့ကကြီးဆိုးချင်နေတယ်၊ သူတို့မလိုရင် သစ္စာဖောက်ဆိုပြီး သတ်ဖြတ်နေတာကြောင့် အခု မြောက်ပိုင်းမှာ ALD အမတ်တွေ အရွေးမခံတော့ဘူး။ ထောက်ခံသူတွေလည်း တော်တော်လေး အလိုမကျဖြစ်နေကြတယ်၊ လူထုက ကြိုက်တာပေးမှာပေါ့ဗျာ၊ ကိုယ့်ပါတီနိုင်ရေးအတွက် ပြည်သူတွေရွေးစရာမရှိအောင် အခြားပါတီတွေကို ခြိမ်းခြောက်ဖယ်ထုတ်နေတာတော့ မကောင်းဘူး၊ ထုမေတို့ဆိုလွတ်တော် ထဲကနေ ရခိုင်ပြည်နယ်အရေးအားသွန်ခွန်စိုက်လုပ်ခဲ့တာ၊ ဒီတစ်ခေါက်ရွေးကောက်ပွဲတောင်သူရခိုင်မှာမပြိုင်တော့ဘဲ ရန်ကုန်ပြောင်းပြေးရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ALD ပါတီဝင်တစ်ဦးမှာ ပြောသည်။
ANP ပါတီဥက္ကဌ ဒောက်တာအေးမောင်ဆိုသူမှာ “ အစိုးရအားတော်လှန်တိုက်ခိုက်ပြီး ရခိုင်နိုင်ငံထူထောင်ရန်၊ ရခိုင်လူငယ်များအနေနဲ့ AA အဖွဲ့ထဲဝင်ရောက်ကြရန် ” ရခိုင်ပြည်နယ်အတွင်း စည်းရုံးပြောဆိုမှုများ ရှိခဲ့သဖြင့် နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ချခံထားရပြီး AA နှင့် ပေါင်းစည်းထားတာကို မကြိုက်သည့် ANP ပါ တီမှ အမတ်များ ALD ပါတီသို့ ကူးပြောင်းရန် နှုတ်ထွက်ခွင့်တင်သော်လည်း လက်ရှိရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရစေရန် နှုတ်ထွက်ခွင့်မပေးထားကြောင်း သိရှိရသည်။
ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ စစ်တွေ၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ပါတီတည်ဆောက်ရေးနှင့် စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်ရန် အခက်အခဲရှိသည့်အတွက် ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း မရှိခြင်းဖြစ်သည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD)ပါတီမှ ဦးမျိုးကျော်ကဆိုသည်။
AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ခေါင်းဆောင်ထွန်းမြတ်နိုင်၏ ယောက္ခမ တော်စပ်သူလည်းဖြစ် ရခိုင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ ဦးစံကျော်လှသည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း သိရှိရသည်။...
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေငြာထားသည်။
Ref ; May Yu Htar Nay

0 comments:

Post a Comment