Sunday, August 2, 2020

ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းငွေပေးချေမှုစနစ် Fincy ကို ရွှေကုက္ကိုလ် တရုတ် လောင်းကစား ကာစီနိုမြို့သစ်တွင် စတင်အသုံးပြုနေ၊ မြန်မာ့အချုပ် အခြာအာဏာကို ခြိမ်းခြောက်နေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းဒီဂျစ်တယ်ငွေချေမှုစနစ် Fincy ကိုစတင် ကရင် ပြည်နယ်ရှိ တရုတ်လောင်းကစား ကာစီနိုရွှေကုက္ကိုလ် မြိုသစ်တွင် အသုံးပြုလျက်ရှိပြီး မြန်မာ့အချုပ်အခြာအာဏာကို ခြိမ်းခြောက်လျက်ရှိကြောင်း United State Institute of Peace ( USIP) က ရေးသားဖော်ပြလိုက်သည်။
ကရင်ပြည်နယ်တွင် ကာစီနိုမြို့သစ် စီမံကိန်း ၃ ခုဆောင်ရွက်ခွင့်ရရှိထားသောတရုတ်နိုင်ငံသားများ ဦးဆောင် သည့် Yatai IHG နှင့် BCB ကုမ္ပဏီတို့ ပူးပေါင်း၍ Fincy ငွေပေးချေမှုစနစ် အကောင်အထည်ဖော်ခဲ့ပြီး ဧပြီ လတွင် Yatai မြို့သစ်တွင် စတင်မိတ်ဆက်ခဲ့ကြောင်း၊ အွန်လိုင်းဒီဂျစ်တယ် ငွေပေးချေမှုစနစ် Fincy သည် နယ်စပ်ဖြတ်ကျော်ခ ပေးခြင်း၊ ငွေကြေးလဲလှယ်ခြင်း၊ ဒီဂျစ်တယ်ငွေကြေး ဝယ်ယူခြင်း တို့တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
Fincy ငွေပေးချေမှုစနစ်သည် လူမှုကွန်ရက်များတွင် လွယ်ကူစွာရရှိနိုင်သည့်အပြင် အလိုအလျောက် ငွေပေး ချေခြင်း ၊ အွန်လိုင်း ကုန်သွယ်ရေး၊ မြို့ပြဝန်ဆောင်မှု၊ လောင်းကစားနှင့် ဖျော်ဖြေရေးများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။
Fincy ငွေပေးချေမှုစနစ်သည် ငွေကြေးလွှဲပြောင်းမှုများ၏ မူရင်းဇတ်မြစ်ကို လိုက်ရန် ခက်ခဲပြီး Yatai မြို့သစ်တွင် နေထိုင်သည့် လူ ၅ သိန်းအတွက် လုံး၀ ကိုယ်ရေးအချက်အလက် လုံခြုံမှု ပေးနေနိုင်မည်ဟု USIP က ထောက်ပြထားသည်။
အဆိုပါ Fincy ငွေပေးချေမှုစနစ်သည် ရွှေကုက္ကိုလ်ကာစီနိုမြို့သစ်တွင်အသုံးပြုနေပြီးဆက်လက်အကောင် အထည်ဖော်မည့် လောင်းကစားမြို့သစ်များတွင်လည်း ဆက်လက်ဖော်ဆောင်သွားရန် ရှိနေကြောင်း သိရှိရသည်။
တရုတ်နိုင်ငံတွင် အွန်လိုင်းလောင်းကစားမှုသည် တရားမဝင်ဖြစ်ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ အမြတ်အစွန်းရှိသည့် လုပ်ငန်းဖြစ်ကာ တရုတ်ကုမ္ပဏီများသည် ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ မ ကာအို၊ ဟောင်ကောင်တို့တွင် အခြေပြု တရားမဝင် အွန်လိုင်းလောင်းကစားမှုများ လုပ်ကိုင်လျက်ရှိကာ ယ ခုနောက်ဆုံး ကရင်ပြည်နယ်တွင် ရွှေကုက္ကိုလ်အပါအဝင် ကာစီနိုမြို့သစ် အကောင်အထည်ဖော်လာခြင်းဖြစ်သည်။
တရုတ်ဒုစရိုက်ခေါင်းဆောင်များ၊ ဒုစရိုက်အဖွဲ့အစည်းများနှင့် ကွန်ရက်များက ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်ရှိ ရွှေကုက္ကိုလ် လောင်းကစားကာစီနိုမြို့သစ် စီမံကိန်း အပါအဝင် ကာစီနိုမြို့သစ် စီမံကိန်း ၃ ခုတွင် ပါ ဝင်ပတ်သက်နေပြီး ယင်းသို့ ပါဝင်ပတ်သက် ရင်းနှီးမြှုပ်နှံမှုက မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေး လျော့ပါးစေလိမ့်မည်ဖြစ်ကြောင်း USIP (United States Institute of Peace ) က အစီရင်ခံစာ ထုတ်ပြန် သတိပေးထားသည်။
ဇူလိုင်လ ၂၇ ရက်နေ့ ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာတွင် နိုင်ငံတကာခြေဆန့်နေသည့် ရှုပ်ထွေးလှသော ဒုစရိုက်အဖွဲ့အစည်းများသည် ကမ္ဘောဒီယားနိုင်ငံတွင်၎င်းတို့ ဆောင်ရွက်လျက်ရှိသောတရားမဝင် လောင်း ကစားလုပ်ငန်းများ နှိမ်နင်းခံရပြီးနောက် မြန်မာနိုင်ငံကရင်ပြည်နယ်တွင် ကာစီနို လောင်းကစားမြို့သစ် စီမံ ကိန်း ၃ ခု တည်ဆောက် ပြောင်းရွှေ့လာကြောင်း၊ ရင်းနှီးမြှုပ်နှံသူများသည် ဒေသခံ လက်နက်ကိုင်အဖွဲ့အ စည်းများနှင့်ပူး ပေါင်း၍ မြေရယူပြီး အမြတ်ပြန်လည် ပေးအပ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် ကာစီနိုင် လောင်းကစားလိုင်စင်ထုတ်ပေးခြင်းမရှိဘဲ လောင်း ကစား လုပ်ငန်းများသည် တရားမဝင် အဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အကောင်အထည်ဖော်လျက်ရှိသော ရွှေကုက္ကိုလ်အိမ်ရာစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်း တန်ကြေးရှိပြီး မြေဧက ၆၂ ဧက ပေါ်တွင် နှစ်ပေါင်း ၃၀ လုပ်ကိုင်ခွင့်ပြုထားကာ မြန်မာ၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံမှ လုပ်ငန်းရှင် ၄ ဦး အစုရှယ်ယာထည့်ဝင်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝနျကွီးဌာနမှ ဒုတိယဝန်ကြီး ဦးဗရက်ဆင်းက ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က Myanmar Yatia International Holding Group Co., Ltd. ကို ရွှေကုက္ကိုလ်အိမ်ရာစီမံကိန်း လုပ်ကိုင်ရန် ၂၀၁၈ ခုနှစ်တွင် ခွင့်ပြုချက်အမှတ် ၀၉၉/ ၂၀၁၈ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အစုရှယ်ယာများအနေဖြင့် မြန်မာနိုင်ငံမှ ဦးစောမင်းမင်းဦးက ၂၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီး ယားနိုင်ငံမှ Mr.Tang Kriang Kaiက ၆၇ ဒသမ ၈၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ Mr. Lim Jun Jieက ၈ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် Mr. Chow Tiam Yu က ၄ ဒသမ ၀၄ ရာခိုင်နှုန်း အသီးသီးထည့်ဝင်ထားကြောင်း၊ ကုမ္ပဏီရဲ့ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုသက်တမ်းကာလက နှစ်ပေါင်း ၃၀ ဖြစ်ကြောင်း၊ မတည်ငွေရင်း ထည့်ဝင်ထားမှုက ကျပ် ၃၅၉၇ သန်း၊ အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၈ သန်းထည့်ဝင်ထားပြီးဖြစ်ကြောင်း ၊မြေဧက ၆၂ အနက်မှ မြေဧက ၂၅ ကျော်ပေါ်တွင် အိမ်ရာစီမံကိန်း တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။
Ref ; Khit Thit Media

0 comments:

Post a Comment