Sunday, August 2, 2020

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့ချင်း ညှိနှိုင်းဆွေးနွေးဖို့ သဘောတူ

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့ချင်း မျက်နှာချင်းဆိုင်ညှိနှိုင်းဆွေးနွေဖို့နဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S အစည်းအဝေးတွေကို အပြိုင်ကျင်းပဖို့ ဒီနေ့ သဘောတူလိုက်ပါတယ်။
ဒီနေ့နေပြည်တော်မှာကျင်းပတဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဒုတိယမြောက်နေ့ အစည်းအဝေးမှာ သဘောတူညီခဲ့တာပါ။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းတို့ကလည်း နှစ်ဖက်ခေါင်းဆောင်တွေ တာဝန်ယူမူရှိရှိနဲ့ အပေးအယူ အလျော့တင်းလုပ်ပြီး ကြိုးစားခဲ့လို့ ဆွေးနွေးပွဲအောင်မြင်ခဲ့တာလို့ ပြောပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်မယ့် JICM အစည်းအဝေးကို သြဂုတ်လ ၁၃ ရက်နေ့မှာကျင်းပဖို့ရှိသလို UPDJC အစည်းအဝေးကို သြဂုတ်လ ၁၇ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိပါတယ်။
စတုတ္တအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကိုလည်း လာမယ့် သြဂုတ်လ ၁၉၊ ၂၀ နဲ့ ၂၁ ရက်နေ့မှာ သုံးရက်ကြာကျင်းပဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားရှိပါတယ်။
Ref ; RFA

0 comments:

Post a Comment