Friday, August 28, 2020

လက်ရှိ COVID-19ကြောင့် ပိတ်ထားရသော အခြေခံပညာကျောင်းများ တစ်နှစ်နားမည်ဆိုတဲ့သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ဒုညွှန်ပြောကြား

လက်ရှိ COVID-19 ကြောင့် ပိတ်ထားရသော အခြေခံပညာကျောင်းတွေ တစ်နှစ်နားမယ်ဆိုတာက ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားခြင်းမရှိဘူးလို့ အခြေခံပညာဦးစီးဌာနမှသိရပါတယ်။
မနေ့က သြဂုတ်လ( ၂၇)ရက်နေ့ ညပိုင်းမှာတော့ ကိုဗစ်ကြောင့် အခြေခံပညာကျောင်းတွေ တစ်နှစ်နားတယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့မှုတွေရှိခဲ့ပါတယ်။
“မဟုတ်ပါဘူး။ ကျွန်တော်တို့ အခုလို ကျောင်းတွေတစ်နှစ်နားတယ်ဆိုပြီး ကြားနေရတာ။ တကယ်တော့ ဒီကိစ္စကို ကျွန်တော်တို့ဘက်က စာထုတ်ပြန်ထားခြင်းမရှိပါဘူး” လို့ ဦးတင်မောင်ဝင်းကပြောပါတယ်။
အခြေခံပညာဦးစီးဌာနအနေနဲ့ စာသင်ကျောင်းတွေကို ကိုဗစ်ကြောင့် ယာယီပိတ်ထားဖို့ကိုသာ တရားဝင်စာထုတ်ပြန်ထားပြီး ဒီအထဲမှာ ကျောင်းတွေတစ်နှစ်နားမယ်ဆိုတဲ့အကြောင်းလည်းမပါဝင်ခဲ့ပါဘူး။
လက်ရှိမှာ တစ်နိုင်ငံလုံးက ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေကို ကိုဗစ်ကြောင့် သြဂုတ်လ (၂၇)ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။
အခြေခံပညာကျောင်းတွေရဲ့ အထက်တန်းအဆင့်ကို ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဇူလိုင် (၂၁)ရက်နေ့စတင်ဖွင့်လှစ်ခဲ့ပြီးနောက် (၁)လကျော်အကြာမှာဘဲ ကိုဗစ်ကြောင့် ယာယီပြန်လည်ပိတ်သိမ်းခဲ့တာပါ။
ယာယီပိတ်သိမ်းတာဖြစ်တဲ့အတွက် အချိန်ကာလအားဖြင့် ဘယ်လောက်ကြာမြင့်မယ်ဆိုတာ မသိဘူးလို့ အခြေခံပညာဦးစီးဌာနမှသိရပါတယ်။

0 comments:

Post a Comment