Sunday, August 18, 2019

AA ၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများက အများပြည်သူအသုံးပြုလျက်ရှိသည့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နားတီးကျေးရွာအထွက်တံတားအား ထပ်မံမိုင်းခွဲဖျက်ဆီး၊ တပ်မတော်စစ်ကြောင်းများဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ သိန်းနီမြို့နယ်နှင့် ကွမ်းလုံမြို့နယ် အတွင်းရှိ တံတား များအား AA ၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ် လျက်ရှိရာ သြဂုတ် ၁၇ ရက်ညနေ ၅ နာရီခန့်တွင် လားရှိုး-သိန်းနီ- ကွမ်းလုံ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ နားတီးကျေးရွာအထွက် အရှည် ၅၀ ပေ၊ အကျယ် ၂၅ ပေရှိ ၃၁ မိုင် သံကွန်ကရစ်တံတားအားလည်း အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ထပ်မံမိုင်းထောင်ဖောက်ခွဲ ခဲ့သဖြင့် တံတားမှာ ပျက်စီးခဲ့ပြီး လမ်းပန်းဆက်သွယ်မှုများ ပြတ်တောက် သွားခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန် သွယ်ရေးတွင် အဓိကကျသော ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းတံတား၊ (၄၁)မိုင်တံတား၊ မန်တုံစွန်တံတားနှင့် နားတီးရွာ အထွက်တံတား အပါအ၀င် တံတား ၄ စင်းတို့အား သြဂုတ် ၁၅ ရက်နှင့် ၁၇ ရက်တို့တွင် ဒေသအတွင်းလမ်းပန်းဆက်သွယ်မှုဖြတ်တောက်၍ မြို့/ရွာများအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိဖြင့် မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း တွေ့ရှိရသည်။
ထို့အပြင် ယနေ့နံနက်ပိုင်းတွင်လည် ကွတ်ခိုင်မြို့အား နံနက် ၁၀ နာရီ ခန့်တွင် အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍တိုက်ခိုက်ရန် မြို့၏ အနောက်တောင်ဘက် နေရာ ၃ နေရာမှ ချဉ်းကပ်လာသော သောင်းကျန်းသူအဖွဲ့ အင်အား ၁၅၀ ဦးခန့်အား တပ်မတော် စစ်ကြောင်းများက ပြန်လည် တိုက်ခိုက်ခဲ့၍ သောင်းကျန်းသူများ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားသည်။ လားရှိုး - ကွတ်ခိုင် - နမ့်ဖတ်ကာ-မူဆယ် နှင့် သိန်းနီ-ကွမ်းလုံသွား ပြည်ထောင်စု လမ်းမကြီး တစ်ဝိုက်၌လည်း လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး ဆောင် ရွက်နေသော တပ်မတော် စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့သည်။
တပ်မတော်အနေဖြင့် အဆိုပါတံတားများ အမြန်ဆုံးပြန်လည် တည်ဆောက်နိုင်ရေးနှင့် လမ်းပန်း ဆက်သွယ်မှုမပြတ်တောက်စေရေး အပါအ၀င် ၄င်းဒေသများ၏ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့အတွက် တပ်မတော် စစ်ကြောင်းများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Credit - တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး
The Ladies News

0 comments:

Post a Comment