
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်အချို့ရှိ ရေလှောင်တမံ ၂၂ ခုတွင် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယခုအခါ သတ်မှတ်ကန်ရေပြည့်မှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိသည့် ရေလှောင်တမံ ၂၂ ခု ရှိကြောင်း သိရပြီး လှိုင်းဘွဲမြို့နယ်ရှိ ရေဘုတ် ရေလှောင်တမံတွင် ၂ ဒသမ ၀၀ ပေ ၊ ဖလမ်းမြို့နယ်ရှိ လိုင်ဗားရေလှောင်တမံတွင် ၀ ဒသမ ၄၀ ပေ၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ်ရေလှောင်တမံတွင် ၁ ဒသမ ၂၀ ပေ၊ အုတ်တွင်းမြို့နယ်ရှိ ရေသိုးရေလှောင်တမံတွင် ၁ ဒသမ ၀၀ ပေနှင့် မင်းရဲရေလှောင်တမံတွင် ၀ ဒသမ ၇၀ ပေ၊ ဖြူးမြို့နယ် ရှိ ငမြွေရေလှောင်တမံတွင် ၀ ဒသမ ၆၀ ပေနှင့် ဖြူးချောင်း ရေလှောင် တမံတွင် ၂ ဒသမ ၁၀ ပေ၊ ပဲခူးမြို့ရှိ ရွှေပြည်(၃)ရေလှောင်တမံတွင် ၀ ဒသမ ၆၀ ပေ၊ နတ္တလင်းမြို့နယ်ရှိ တောင်ညိုရေလှောင်တမံတွင် ၀ ဒသမ ၁၀ ပေ၊ ဂန့်ဂေါမြို့နယ်ရှိ မြစ်သာရေလှောင်တမံတွင် ၀ ဒသမ ၈၅ ပေ၊ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင်တမံတွင် ၄ ဒသမ ၃၀ ပေ၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံတွင် ၁ ဒသမ ၂၀ ပေ၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝရေလှောင်တမံတွင် ၅ ဒသမ ၂၀ ပေ ၊ သထုံမြို့နယ်ရှိ ဝါးပါးရေလှောင်တမံတွင် ၀ ဒသမ ၂၅ပေ၊ မော်လမြိုင်မြို့နယ် ရှိ ရွှေနတ်တောင်ရေလှောင်တမံတွင် ၀ ဒသမ ၄၅ ပေ၊ ကျောက်တော်မြို့နယ်ရှိ ပြိုင်းချောင်းရေလှောင်တမံတွင် ၀ ဒသမ ၆၀ ပေနှင့် ရှောက်ချောင်းရေလှောင်တမံတွင် ၀ ဒသမ ၄၀ ပေ၊ မင်းပြားမြို့နယ်ရှိ ဂရင်ဂျိုင်ရေလှောင်တမံနှင့် ကြက်တက်ရေလှောင် တမံတို့တွင် ၀ ဒသမ ၁၀ ပေစီ၊ မြေပုံ မြို့နယ်ရှိ တမန်းဒူး ရေလှောင် တမံတွင် ၀ ဒသမ ၂၀ ပေ၊ အင်္ဂပူမြို့နယ်ရှိ နန်ကသူရေလှောင်တမံတွင် ၀ ဒသမ ၅၀ ပေ နှင့် ကညင်ရေလှောင် တမံတွင် ၁ ဒသမ ၃၀ ပေ ရေများ ကျော်ကျလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
The Ladies News






0 comments:
Post a Comment