Wednesday, August 7, 2019

ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာအနီး AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက် ဆက်နွယ်သူ ၁ ဦး ဖမ်းဆီးရမိ



Image may contain: one or more people, people standing and sunglasses

ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာအနီး AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက် ဆက်နွယ်သူ ၁ ဦး ဖမ်းဆီးရမိ ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၅ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ဖုံညိုလိပ်ကျေးရွာ တံတားအနီး၌ မသင်္ကာဖွယ် လူ ၁ ဦးတွေ့ရှိ သဖြင့် ခေါ်ယူစစ်ဆေးရာ နေဇော်လင်း (ဘ)ဦးကျော်သန်း ဖြစ်ကြောင်း သိရှိရပြီး စစ်ဆေးရာ ၎င်းကိုင် ဆောင်ထားသော ဖုန်းအတွင်းရှိ Messenger မှ တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားသွားလာမှုအား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များထံ အပြန်အလှန် ဆက်သွယ်ပေးပို့ထားသည့် စာများအား တွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူအား ဖုံညိုလိပ်နယ်မြေရဲစခန်းသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်အရ သိရသည်။

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

0 comments:

Post a Comment