Wednesday, August 7, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးတို့ တွေ့ဆုံ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အခြားကဏ္ဍများ ဆွေးနွေး

Image may contain: 2 people, people sitting and indoor

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် တာဝန် ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Dr.Khalid Hussain Memon အား သြဂုတ် ၇ ရက်၊ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် မိတ်ဆွေနိုင်ငံများ ဖြစ်ကြပြီး ဆက်ဆံရေးကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်ချင်း ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာများ အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင် မည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားစွာ ရှုမြင်နေကြသည့်အပေါ် အခြေအနေမှန်များအား နိုင်ငံတကာက သိရှိအောင် ကျယ်ပြန့်စွာ ဆောင်ရွက်ရန်လိုအပ်သည့် အခြေ အနေများ၊ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

Credit - တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

0 comments:

Post a Comment