Sunday, August 4, 2019

AGDB ဘဏ်အကြီးတန်းစာရေးက ငွေအပ်နှံသူတစ်ဦး၏ Mobile Banking Account နှင့် Password မှတ်သားကာ ငွေကျပ်သိန်း ၄၅၀ ထုတ်ယူမှုဖြစ်ပွား

Image may contain: outdoor
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(AGDB) မှ အကြီးတန်းဘဏ်စာရေးတစ်ဦးက ဘဏ်တွင် ငွေအပ်နှံသူတစ်ဦး၏ Mobile Account နှင့် Password ကို မှတ်သားကာ ငွေကျပ် ၄၅၀ ထုတ်ယူမှုဖြစ်ပွားကြောင်း သိရှိရသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မန္တလေးဘဏ်ခွဲ၂ တွင် ငွေလာရောက်အပ်နှံသူတစ်ဦး ၏ Mobile Banking Account နှင့် Password ကို မှတ်သားပြီး ဘဏ်စာရင်းစာအုပ်မှ ငွေကျပ်သိန်း ၄၅၀ ကို ၇ ကြိမ်တိတိ ငွေများခွဲခြမ်း၍ ၎င်း၏ ဘဏ်အကောင့်များသို့ လွှဲပြောင်းထုတ်ယူခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် အာကာမင်းဦးသည် ခွင့်မဲ့ပျက်ကွက်နေသဖြင့် မိတ္ထီလာမြို့၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် တာဝန်ခံ ဒေါ်ဝါ၀ါအောင်က အာကာမင်းဦးကို တိုင်ကြားခဲ့ပြီး မိတ္တီလာမြို့ အမှတ် ၂ ရဲစခန်းတွင် (ပ) အမှတ် ၆၂၃/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈၊ ၄၆၈ ဖြင့် အမှုဖွင့်ကာ အာကာမင်းဦးကို ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။

Photo Credit - Getty Image.

0 comments:

Post a Comment