
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကြီးတွင် သက်ဆိုင်ရာ ဘာသာရပ်ကိုပဲ ဆွေးနွေးရန် သြဂုတ် ၁၉ ရက်အစည်းအဝေးတွင် ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၄)ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း၏ ဆွေးနွေးမှုအပြီး ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုရင်ရာဥပဒေပါ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင် ခံစာ (၁၁/၂၀၁၉) တို့နှင့် စပ်လျဉ်း၍ ဦးဇုန်လှယ်ထန်းက ဆွေးနွေးစဉ် လွှတ်တော်ကိုယ်စားလှယ် အခွင့်အရေးနှင့် ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့ခြင်းကြောင့် နာယကက သက်ဆိုင်ရာ ဘာသာရပ်ကိုပဲ ဆွေးနွေး ရန် သတိပေးစကား ပြောကြားခဲ့သည်။
ယင်းနောက် ကိုယ်စားလှယ်၏ ဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စု လွှတ်တော် နာယကက “လွှတ်တော်ရေးရာကိစ္စတွေ ဆွးနွေးမယ် ဆိုရင်လည်း ကိုယ်စားလှယ်တော်ကြီး အသိပဲဖြစ်ပါတယ်။ လွှတ်တော် တိုင်းမှာ လွှတ်တော် အခွင့်အရေး ကော်မတီဆိုတာ ရှိပါတယ်။ မိမိရဲ့ အခွင့်အရေးထိခိုက်နစ်နာဆုံးရှုံးမယ်ဆိုလို့ရှိရင် အဲ့ဒီလွှတ်တော် အခွင့်အရေး ကော်မတီကိုတင်ပြလို့ ရပါတယ်။ အဲ့ဒီကနေတစ်ဆင့် သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ဖြစ်ပါတယ် ဒီလိုအစည်းအဝေးကြီးမှာ သက်ဆိုင်ရာ ဘာသာရပ်ကိုပဲ ဆွေးနွေးဖို့ သတိပေးလိုပါတယ်”ဟု ပြောကြားခဲ့သည်။
The Ladies News






0 comments:
Post a Comment