Monday, August 19, 2019

ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းတပ်ဖွဲ့ဝင်များအားမော်တော်ဆိုင်ကယ်များ ထပ်မံပေးအပ်

Image may contain: 5 people, people standing, motorcycle and outdoor
ယာဉ်လမ်းရှင်းလင်းရေးလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်စေရန်အတွက်ရှေ့ပြေးမော်တော်ဆိုင်ကယ်၁၅စီးနှင့်လုပ်ငန်းသုံးမော်တော်ဆိုင်ကယ်အစီး၅၀တို့ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ဝင်များထံသို့ ယနေ့နံနက် ၇ နာရီ ၃၀မိနစ်တွင် ထပ်မံလွှဲပြောင်းပေးအပ်ခဲ့သည်။

ရန်ကုန်မြို့တွင်တစ်နှစ်ထက်တစ်နှစ်မော်တော်ယာဉ်စီးရေပိုမိုများပြားလာပြီးယာဉ်စီးရေနှင့်ယာဉ်ထိန်းတပ်ဖွဲ့ဝင်အချိုးအစားမမျှတဘဲယာဉ်ထိန်းတပ်ဖွဲ့ဝင်လိုအပ်ချက်ပိုမိုမြင့်တက်နေသည်။
မြန်မာတစ်နိုင်ငံလုံးမှတ်ပုံတင်ထားသည့်မော်တော်ယာဉ် ၁၀ သိန်းကျော်ရှိသည့်အနက်ရန်ကုန်တိုင်းအတွင်းမှတ်ပုံတင်ထားသည့်ယာဉ်စီးရေ ၆ သိန်းကျော်ရှိနေပြီးယာဉ်ထိန်းတပ်ဖွဲ့ဝင်အင်အားမှာ တစ်ထောင်ကျော်ခန့်သာရှိနေရာယာဉ်စီးရေနှင့်တပ်ဖွဲ့ဝင်အချိုးအစားမှာအဆခြောက်ရာကျော်ခန့်ကွာဟနေသည်။
ရန်ကုန်မြို့တွင်မီးပွိုင့်ပေါင်း၁၇၀ကျော်ရှိပြီးအဓိကအရေးပါသည့်မီးပွိုင့်များတွင်သာယာဉ်ထိန်းတပ်ဖွဲ့ဝင်များချထားနိုင်ပြီးမီးပွိုင့်အများစုမှာတပ်ဖွဲ့ဝင်လိုအပ်ချက်ကြောင့်တာဝန်ချထားနိုင်ခြင်းမရှိသေးပေ။
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များယာဉ်ကြောရှင်းလင်းရန်နှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းချိုးဖောက်သူများကိုဖမ်းဆီးအရေးယူနိုင်ရန်ယာဉ်ထိန်းရဲသုံးဆိုင်ကယ်အစီး၂၂၀ ဝယ်ယူရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတင်ဒါခေါ်ယူခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း အစီး ၁၀၀ ကျော်ပေးအပ်ခဲ့သည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့ဆိုင်ကယ်များကိုယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်ကော်မတီရန်ပုံငွေဖြင့်တင်ဒါခေါ်ယူကာရန်ကုန်တိုင်းဒေသကြီးအစိုးရက၀ယ်ယူပေးခြင်းဖြစ်သည်။
Image may contain: 2 people, people standing, motorcycle and outdoor
Image may contain: 1 person, motorcycle, tree, sky and outdoor
Image may contain: 5 people, people standing, motorcycle and outdoor
Image may contain: 1 person, standing and outdoor
သတင်း - နေသွေးဈာန်
ဓာတ်ပုံ - YRG

0 comments:

Post a Comment