Wednesday, August 21, 2019

မြောက်ပိုင်းအဖွဲ့ခေါင်းဆောင်များအား တရုတ်အထူးကိုယ်စားလှယ်ခေါ်ယူတွေ့ဆုံ

တရုတ်အထူးကိုယ်စားလှယ်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ သြဂုတ် ၂၀ ရက်က တရုတ်နိုင်ငံ၌ တွေ့ဆုံခဲ့ကြောင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောကြားသည်။

ယင်းအစည်းအဝေးသို့ တက်ရောက်သည့် ခေါင်းဆောင်များ ပြန်မရောက်သေး၍ မည်သည့်ကိစ္စများ ဆွေးနွေးသည်ကို မသိသော်လည်း   မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့အနက် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA)  တို့နှင့် တပ်မတော်တို့အကြား လတ်တလော တိုက်ပွဲဖြစ်ပွားနေမှုများနှင့် သက်ဆိုင်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
‘‘တိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ခေါ်တွေ့တယ်ဆိုတော့ ပတ်သက်မှုတော့ရှိမှာပါ။ ဒါပေမဲ့  ဘာမှမကြားရသေးဘူး’’ ဟု ၎င်းကဆိုသည်။ မြောက်ပိုင်းသုံးဖွဲ့သည် သြဂုတ် ၁၅ ရက်တွင် ပြင်ဦးလွင် နှင့်နောင်ချိုမြို့နယ်အတွင်း တပ်မတော်နှင့်ရဲကင်းစခန်းအပါအ၀င် နေရာငါးခုကို တိုက်ခိုက်ခဲ့၍ ယင်းနောက်ပိုင်း တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ သည်။
‘‘တပ်မတော်က တစ်ဖက် သတ် စစ်လှုပ်ရှားမှုရပ်စဲဖို့ သူက ထုတ်ပြန်ကြေညာ ချက်လုပ်ထား တာ။ ဒါပေမဲ့ရခိုင်ဘက်မှာ စစ် လှုပ်ရှားမှု ရပ်စဲတဲ့အထဲမှာ သူက  မပါဘူးလေ။ နောက်ပြီးတော့ ရခိုင်ဘက်မှာ အားလုံးသိကြတဲ့ အတိုင်း တိုက်ပွဲတွေက ပြင်းပြင်း ထန်ထန်ဖြစ်နေတယ်။ နောက်  ရှမ်းမြောက်ဒေသဖြစ်နေတဲ့ ပ လောင်တို့၊ ကိုးကန့်တို့ဘက်တွေ မှာလည်း တပ်မတော်က ခဏ ခဏ ထိုးဝင်လာလို့ ရင်ဆိုင်တိုက် ပွဲတွေ ခဏခဏဖြစ်နေတာ။ အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ သူတို့ သုံးဖွဲ့လည်း အခုလိုမျိုးစစ်ဆင် ရေးတွေ ပြန်နွှဲတယ်လို့ အဲဒီလိုပဲ သုံးသပ်မိပါတယ်’’ ဟု ဗိုလ်မှူး ကြီးနော်ဘူက ဆိုသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျုဒ် အ မှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက မြောက်ပိုင်းသုံးဖွဲ့ က တိုက်ခိုက်မှုများ လုပ်ဆောင် ရာတွင် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးကိုပိတ်ရန် ကြိုးစား သည်ကို တွေ့ရကြောင်း၊ ယင်း ကိစ္စသည် တရုတ်နိုင်ငံနှင့် တိုက် ရိုက် သက်ဆိုင်လာခြင်းကြောင့် တရုတ်နိုင်ငံက ပြင်းထန်စွာပြော နိုင်သည့် သဘောရှိနိုင်ကြောင်း  မှတ်ချက်ပြုသည်။
‘‘တရုတ်ဘက်က မာမာထန် ထန် ပြောလာပြီဆိုရင်တော့ ဒီအ ဖွဲ့အစည်းတွေ အနေနဲ့လည်း တရုတ်နိုင်ငံက သတိပေးတာကို  ဆန့်ကျင်ပြီးတော့ လုပ်ရဲဖို့တော့ မလွယ်တော့မလွယ်ဘူး။ ဘာ ကြောင့်လဲဆိုတော့ တရုတ်နိုင်ငံ အပေါ် မှီခိုရတာတွေ အရမ်းများ တာကိုး’’ ဟု ဒေါက်တာမင်းဇော် ဦးက ပြောသည်။
 မြောက်ပိုင်းအဖွဲ့များ၏ လက်နက်၊ ခဲယမ်း၊ မီးကျောက် သည်  တရုတ်ဘက်မှ အဓိကရရှိ ကြောင်း ၎င်းကဆိုသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ နှင့် တရုတ်အထူးကိုယ်စားလှယ် တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တွင် သြဂုတ် ၂၀ ရက် က တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထိုင်းနိုင်ငံ ချင်းမိုင် မြို့သို့ ရောက်ရှိစဉ် သတင်းမီဒီ ယာအချို့အား  ပြောကြားသည်။
7Day

0 comments:

Post a Comment