Wednesday, August 21, 2019

ကျောက်တံခါးမြို့ဆုတောင်းပြည့်ကျောင်းတိုက်အတွင်းမှပိသာချိန်၆၀ခန့်ကြေးခေါင်းလောင်းခိုးယူခံရ

Image may contain: 1 person, standing, wedding and outdoor

ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့ကွင်းနောက်ရပ်ကွက်ရန်ကုန်မန္တကားလမ်းဘေးရှိ ဆုတောင်းပြည့်ကျောင်းတိုက်အတွင်းက ရန်အောင်မာန်ပြေသန့်ရှင်းအေးဆုတောင်းပြည့်စေတီတော်မှာ ရှိတဲ့ပိသာချိန်(၆၀)ရှိတဲ့ကြေးခေါင်းလောင်း ခိုးယူခံရတယ်လို့ ဂေါပကအဖွဲ့ကသိရပါတယ်။

သြဂုတ်(၂၁)မနက်ကမှ သူတော်နှစ်ပါးထမ်းထားတဲကြေးခေါင်းလောင်းပျောက်ဆုံးနေတာကိုသိခဲ့ရတာဖြစ်တယ်လို့ ဂေါပကအဖွဲ့ကပြောပါတယ်။အဲဒီခေါင်းလောင်းဟာ ကာလတန်ဖိုး ကျပ် ၁၂သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။
ဆုတောင်းပြည့်ကျောင်းတိုက်က ဂါပကအဖွဲ့ကကြေးခေါင်းလောင်းပျောက်ဆုံးမှုကိုကျောက်တံခါးမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။
Image may contain: plant, outdoor and nature

သတင်း - ခင်ကို(ကျောက်တံခါး)
One News Myanmar

0 comments:

Post a Comment